ကၽြန္မကမၻာၿပိဳေသာအခါ

လမင်းမိုမို

800 Kyats ကျပ်
ဒီဝတ္ထုကတော့ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ ကျော်ကျော်၊ ရတနာဗိုလ်တို့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားရဲ့ မူရင်းဝတ္ထုဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို ညွှန်းပေးရရင်တော့ ... သာယာဆိတ်ငြိမ်တဲ့ ခြံတစ်ခြံဆီ ပြောင်းလာခဲ့တဲ့ တိုးလတ်တစ်ယောက် ပြတင်းပေါက်ကနေ ဟိုသည်ငေးရင်း၊ တစ်ဖက်ခြံဆီ အကြည့်ရောက်သွားမိတယ်။ နုငယ်လှပတဲ့ ဖြူဖြူသွယ်သွယ် မိန်းမငယ်လေးတစ်ယောက်ရယ်၊ အိမ်အကူလို့ ယူဆရတဲ့ မိန်းမကြီး တစ်ယောက်ရယ်၊ ခြံထဲမှာ သွားလာနေတာကို လှမ်းမြင်လိုက်ရတယ်။ ဒါနဲ့ပဲ ခြံထဲဆင်းပြီး တစ်ဖက်ခြံက အမျိုးသမီးနှစ်ယောက်နဲ့ မိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ ဖြူဖြူသွယ်သွယ် မိန်းကလေးရဲ့ နာမည်က ယောတဲ့။ ယောလို့ သူ့ကိုယ်သူ သုံးနှုန်းပြီး ချစ်စဖွယ်စကားပြောတတ်တဲ့ ဒီမိန်းကလေးရဲ့ အမူအရာတွေက တိုးလတ်ရင်ထဲ စွဲငြိကျန်ရစ်ခဲ့တယ်။ ချစ်မိသွားတယ်လို့လည်း သူ့ကိုယ်သူ ထင်လိုက်မိတယ်။ ဒါပေမဲ့ ကံတရားက လူတွေကို အလှတရားချည်း မပေးပါဘူး။ ယောခင်ဇံ ဆိုတဲ့ ယောက လူကသာ ကလေးနဲ့တူပြီး နုနုငယ်ငယ် ဖြစ်နေပေမဲ့ အပျိုလေးမဟုတ်ဘဲ အိမ်ထောင်သည်တစ်ယောက်ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ …