မြင်းမိုရ်တို့၏အတ္တ

လမင်းမိုမို

800 Kyats ကျပ်
ဆရာမ လမင်းမိုမိုရဲ့ စာအုပ်ကောင်းတွေထဲကမှ ထင်ရှားကျော်ကြားပြီး လူကြိုက်များတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ မြင်းမိုရ်တို့၏အတ္တ ... ဆိုတဲ့ ဒီဇာတ်လမ်းလေးကို မင်းသားလူမင်း၊ မင်းသမီး ထက်ထက်မိုးဦးတို့နဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ဖူးပါတယ်။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ကြီးမားပြင်းထန်လာတဲ့အခါ အတ္တတစ်ခုအဖြစ် ပြောင်းလဲသွားတတ်တယ်ဆိုတာကို လှပတဲ့ သရုပ်ဖော်မှုနဲ့ ခံစားဖတ်ရှုကြရမယ့် ဇာတ်လမ်းကောင်းလေးပါ။ ဒေါ်မိုးမမ ဆိုတဲ့ အမျိုးသမီး၊ သားဖြစ်သူနဲ့ ချစ်သူကောင်မလေး ... စတဲ့ ဇာတ်ကောင်တွေရဲ့ အားပြိုင်မှုတွေကို ရသအပြည့် ခံစားကြရမှာပါ။