ကမ္ဘာကြီးရပ်တန့်မသွားခင်

လမင်းမိုမို

800 Kyats ကျပ်
ဆရာမရဲ့ ဒီဝတ္ထုကိုတော့ ကျွန်တော်တို့ရဲ့ ဘစိုင်းခေါ် စိုင်းစိုင်းခမ်းလှိုင်နဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ ခေါင်းဆောင်ပြီးတော့ ဇာတ်ကားရိုက်ကူးခဲ့ကြပါတယ်။ အိမ်ကနေ ဆင်းလာခဲ့တဲ့ နိုးကြား။ ဇွတ်တရွတ်ဆန်ပြီး ခေါင်းမာတတ်တဲ့ နိုးကြား။ အမေ့သားကြီး လူလိမ္မာကြီး ရိုးသားနဲ့ အမေ့နောက်အိမ်ထောင်က ရတဲ့ ညီမလေးနွေးနွေးအပါအဝင် အမေနဲ့ ပိုင်ဆိုင်သမျှကို စွန့်ခွာပြီး ဦးလေးဦးသက်နဲ့အတူ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လာတည်းနေတဲ့ နိုးကြား။ ချိုးလေးကူ ဆိုတဲ့ မိန်းမချောလေးနဲ့ စတွေ့ပုံက အဆန်းသား။ ဘုန်းကြီးကျောင်းသားတွေ ကိုရင်လေးတွေကို စာသင်ပေးဖို့ဆိုပြီး စာရွက်အဟောင်းတွေ စုနေတဲ့ နိုးကြားတစ်ယောက် ချိုးလေးကူရဲ့ သုတေသနစာတမ်းစာရွက်ကို အသုံးမဝင်ဘူးထင်ပြီး မီးရှို့မိတဲ့အခါ ...