ချစ်ခြင်းမုန်းခြင်း နယ်ခြား

လမင်းမိုမို

800 Kyats ကျပ်
စာမြည်း ။ ။ ညို သက်ပြင်းမောကြီး ကျိတ်ချလိုက်သလို၊ ရင်ဘတ်လေး မောက်ကြွတက်လာပြီးမှ နိမ့်ဆင်းကျသွားတာကို မောင်မောင်က မသိမသာလေး အကဲခတ်နေမိသည်။ ကြည့်ပါဦး၊ ဒီလောက် အပြစ်ဆိုစရာမရှိတဲ့ မိန်းမမျိုးကိုများ ပစ်သွားရက်တဲ့ သူက ရှိသေးတယ်တဲ့။ အိုမင်းရွတ်တွလာလို့ နောက်တစ်ယောက် ဖောက်ပြန်ရတာ ဆိုလည်း ထားလိုက်ပါတော့။ ခုချိန်မှာတောင် မလှမ်းမကမ်းလေးကနေ တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့်ချင်စရာကောင်းနေတဲ့ မိန်းမတစ်ယောက်ကို လွန်ခဲ့တဲ့ ငါးနှစ်၊ ခုထက် ပိုမို ပျိုမျစ်လတ်ဆတ် နုစင်နေတုန်း အချိန်ကတည်းက စွန့်ပစ်ခဲ့တာ။ သူ ထပ်မံ ရွေးချယ်လိုက်တဲ့ မိန်းမက ဘယ်လောက်များ ဥနေ ထွတ်နေလို့လဲ။