ပျော်ပါရစေ

လမင်းမိုမို

800 Kyats ကျပ်
>> အဆင့်အတန်း ကွာခြားလွန်းတဲ့ လူနှစ်ယောက်က ဆုံစည်းကြဖို့ ခဲယဉ်းပေမဲ့ ကံတရားရဲ့ လှည့်စားမှုကြောင့်တော့ ဆုံစည်းနိုင်သေးတာပဲမှတ်လား။ မိုးနဲ့ မြေလိုဝေးကွာပေမဲ့ မထင်မှတ်ဘဲ နီးစပ်သွားရတာတွေ ရှိတယ်လေ။ ပီတိနဲ့ ဝီရတို့နှစ်ယောက်လည်းဒီလိုပဲ။ ဒါပေမဲ့ သူတို့နှစ်ယောက် နီးစပ်တာက သမီးရည်းစားလိုမဟုတ်။ ကျေးဇူးစား ကျေးဇူးခံလို ပုံစံမျိုး။ ဘာလို့လဲဆိုတော့ ပီတိက ကျောက်ကပ်ရောဂါသည်၊ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသမီး။ ဝီရက သာမာန်လခစား၊ ပီတိကို ကျောက်ကပ်လှူပေးမယ့် အလှူရှင်လေ။ >> သူတို့နှစ်ယောက်ဇာတ်လမ်းက အစတုန်းက အေးအေးဆေးဆေးပါ။ နောက်ပိုင်းမှာ မြတ်မျိုးဆိုတဲ့ စိတ်ထားသိပ်မကောင်းတဲ့ ဝီရရဲ့ ချစ်သူက သူတို့နှစ်ယောက်ကြား ဝင်ခလောက်ဆန်လာတဲ့အခါမှာတော့ … အရမ်းမိုက်တဲ့ plot twist တွေ၊ ခမ်းနားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့မို့ ဒီနေ့ ဖတ်ကြည့်လိုက်ဦးနော်!