နောက်တစ်ရက်ရဲ့ မနက်ခင်း

လမင်းမိုမို

800 Kyats ကျပ်
>> မိန်းကလေးတွေ သဘောကျလောက်တဲ့ ရုပ်ရည်၊ အလုပ်အကိုင်ရှိတဲ့ ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ မိန်းကလေးကတော့ တစ်ရက်ကလေးမှ ရတက်အေးရမယ် မထင်ပါဘူး။ ခခခင်လည်း အဲဒီလိုပေါ့! သူ့ယောက်ျားက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်၊ အလုပ်အကိုင်ကလည်း ကောင်းတော့ ပိုဆိုး။ အပိုင်ရမလားဆိုပြီး လာကပ်၊ မြှူဆွယ်နေတဲ့ အမျိုးသမီးတွေ ထုနဲ့ဒေးလေ။ ဒါပေမဲ့ ခခခင်က သူ့ယောက်ျားကိုယုံတယ်။ >> ခခခင်အတွက်တော့ ကမ္ဘာပျက်တဲ့တစ်နေ့ ရောက်လာခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့က သူ့ကိုယ်ဝန်မွေးဖွားခါနီးရက်၊ ယောက်ျား အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ရက်။ ညဖက်ရောက်တော့ ဗိုက်နာလာလို့ စိတ်အားငယ်နေတုန်း ယောက်ျားဖြစ်သူရဲ့ ဖုန်းကို အင်ကြင်းဆိုတဲ့ မိန်းမတစ်ယောက်ကဆက်လာတယ်။ အဲဒီမိန်းမကလည်း ခခခင်ယောက်ျား ကိုကိုမောင်ရဲ့ မိန်းမပဲတဲ့ ... ကဲ! ဘယ်လိုမျိုး ရှုပ်ထွေးမှုတွေ၊ ဇာတ်လမ်းတွေနဲ့ စာဖတ်သူကို ဆွဲဆောင်ထားမလဲ ? ဒီနေ့ပဲ ဖတ်ကြည့်လိုက်ရအောင်ဗျာ။