အသက္တမွ် သူ

လမင်းမိုမို

800 Kyats ကျပ်
နှစ်ဦးသဘောတူ ခိုးပြေးဖို့ စီစဉ်ထားတဲ့ ခရီးတစ်ခု ချိန်းထားတဲ့ နေရာကို "မိုးညို" ရောက်မလာသေး ! သဲကြီးမဲကြီး ရွာနေတဲ့ မိုးသံလေသံတွေကြားမှာ ရန်ကုန်ဘူတာကြီး စင်္ကြန်ထဲ စောင့်နေရှာတဲ့ "သွင်သစ်" လက်မှတ်နှစ်စောင်ရယ် အထုပ်အပိုးတွေရယ်နဲ့ပေါ့ .... ဇာတ်လမ်းအစကနေ အဆုံးထိ ကိုယ်ဟာ ထိုင်ရာမထ ဆက်တိုက် ဖတ်မိသွားတာပဲ။ ကော်ဖီလေးသောက်လိုက် ဖတ်လိုက်နဲ့၊ ဖတ်ရတာ ဇိမ်ကိုကျလို့။ Relationship တစ်ခုမှာ ကိုယ်ကလည်း သူ့ကို ချစ်တယ်။ သူကလည်း ကိုယ့်ကိုချစ်တယ်။ ဒါပေမဲ့၊ သူ့မှာ ခုထိ မေ့မရသေးတဲ့ နောက်တစ်ယောက်လည်း ရှိနေသေးတယ်။ အဲဒီလိုတွေ ကြုံလာရင်၊ သင်ဆို ဘယ်လိုလုပ်မလဲ ? ❣️ အမှန်တိုင်းဝန်ခံရရင် တိုးနဲ့အတူရှိနေဆဲ ကာလတွေတုန်းက သွင့်ကို မကြာခဏ အမှတ်ရခဲ့ပါသည်။ အခု သွင်နဲ့ အတူရှိနေစဉ် ကာလတွေမှာတော့ တိုးကို အလွန်အမင်း သတိရ အောက်မေ့နေတာ ဘယ်လို အလွဲအချော်ပါလိမ့် ❣️ မိုးညိုရဲ့ နှလုံးသားခံစားချက်ဟာ နားလည်ရခက်တယ်လို့ ခံစားမိမှာပဲ။ ဒါပေမဲ့ပေါ့ ... အားလုံးမှာ အတိတ်ကိုယ်စီနဲ့ ... ပစ္စုပ္ပန်ကို အတိတ်က လွှမ်းမိုးမလား ပစ္စုပ္ပန်ကို ပစ္စုပ္ပန်အတိုင်း ပျော်ရွှင်မလား ဒီဝတ္ထုထဲက သူတို့ဇာတ်လမ်းကို ဖတ်ရှုခံစားကြည့်ရအောင် !