အချစ်နဲ့ သတ်မှတ်ခဲ့တဲ့ ဘဝအဓိပ္ပာယ်

လမင်းမိုမို

800 Kyats ကျပ်
❤ အိမ်ထောင်ရေး စာပေတွေရေး၊ ဆွေးနွေးပေးပြီး အမျိုးသမီး စာဖတ်ပရိသတ် အခိုင်အမာရထားတဲ့ စာရေးဆရာမလေး တင့်ရှင်းသွင်။ တင့်ရှင်းသွင်နဲ့ မကြာခင်လက်ထပ်တော့မှာ ဆိုပေမဲ့ ခံစားချက်ကို သိပ်ဂရုမစိုက်တတ်သူ မြတ်သစ်လွင်။ ဒါက တစ်ပိုင်း ... ❤ တင့်ရှင်းသွင်ရဲ့ ပရိသတ်ထဲမှာ အရမ်းပဲ ကဂျီကဂျောင်ကျပြီး အမြင်ကျဉ်းတဲ့ သီရိဆိုသူ တစ်ယောက်ရှိတယ်။ သူ့ကို တင့်ရှင်းသွင်က အချစ်ရေးနဲ့ပတ်သက်ပြီး အကြံပေးလေ့ရှိတယ်။ တစ်နေ့တော့၊ သူ့ရဲ့ အကြံပေးချက်ကြောင့် သီရိဟာ သူ့ချစ်သူကောင်လေး လင်းရွှေရနဲ့ လမ်းခွဲဖို့အထိ ဖြစ်လာတဲ့အခါ ... ❤ လင်းရွှေရဘက်က နာကြည်းမှုတွေ ပေါ်ပေါက်လာတဲ့အခါ၊ သူ့ရဲ့ တုံ့ပြန်မှုတွေက ဘယ်သူတွေကို ဘာတွေ ဆက်ဖြစ်စေမှာလဲ ? မြတ်သစ်လွင်ကရော ဒီဇာတ်လမ်းမှာ ဘယ်လိုနေရာက ရှိနေမလဲ ? တကယ့် ဗီလိန်ဟာ လင်းရွှေရလား ... တင့်ရှင်းသွင်လား ? လက်မချတမ်း ဖတ်လို့ကောင်းတာမို့ ဒီဝတ္ထုကို တင်ဆက်လိုက်ပါတယ်နော် !