ဒဏ်ရာရ ပန်းတစ်ပွင့်အကြောင်း

လမင်းမိုမို

800 Kyats ကျပ်
စာမြည်း ။ ။ နေသာက ပိန်ရှည်လမျော ကလန်ကလား ကောင်မလေးကို တစ်ချက် ခပ်တည်တည် ကြည့် လိုက်ပါသည်။ ကားပေါ်က ဆင်းလိုက်ကြတာ ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေမဲ့ နေသာက ကားတံခါးကို ဆောင့်ပိတ်ဖို့ အစီအစဉ်မရှိ။ သူမက ဒုံးခနဲ ဆောင့်ပိတ်လိုက်တာမို့ ကိုယ်လည်း ယောင်ယောင် ကန်းကန်းနှင့် သူမခြေရာနင်းပြီး ဒုံးခနဲ ပိတ်လိုက်မိတာ။ ကြိုတင် မရည်ရွယ်ပေမဲ့ ပိတ်လိုက်မိတာကိုတော့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ပဲ ကျေနပ်ပါ သည်။ ဟုတ်တယ်လေ တစ်ဖက်ကမှ ပြေပြေလည်လည်မလာဘဲ။ ကိုယ်က ပြေလည်နေလည်း အလကားပဲ။ ကိုယ် အိညက်အိညက် လုပ်နေရင် ဒီကောင်မလေး ပုံစံက ပိုဖိဟောက်မဲ့ပုံ။ ကြည့်လေ၊ ချက်ချင်းပဲ ခပ်လှမ်းလှမ်းက လှမ်းအော်လိုက်သံက စွာပိုးထိုး နေသည်။ အဲလိုတော့ သူ စွာစိစိ ပြန်မပြောတတ်။ မပြောဘဲ နေပြန်ရင်လည်း ကိုယ်ခံရလိမ့်မည်။ ။