အောင်မြင်ခြင်း လက်ဆောင်

လင်းသိုက်ညွှန့်(မြန်မာ့မြေ)

1000 Kyats ကျပ်
ဒီစာအုပ်ဟာ စာရေးသူရဲ့ အသက် (၂၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ ဆောင်းပါး (၂၆) ပုဒ်ကို စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေထားတာပဲ ဖြစ်ပါတယ်။ အောင်မြင်ခြင်းလက်ဆောင် ဆိုတဲ့အတိုင်း ဘဝမှာ အောင်မြင်တိုးတက်လိုသူတိုင်းအတွက် ‘အောင်မြင်ခြင်း’ နဲ့ပတ်သက်တဲ့ လက်ဆောင်လေးတွေကို တွေ့ရမှာပါ။ စာရေးသူကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ သူ ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေအပေါ် ပြန်လည် သုံးသပ်မှုတွေကို ဖတ်ရှုရတဲ့အခါ စာရေးသူဆီက အောင်မြင်ခြင်းလက်ဆောင်လေးတွေကို ခံစားရရှိသွားမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ဆိုင်ရာ၊ ဘဝအိပ်မက်ဆိုင်ရာ စီမံခန့်ခွဲမှု သဘောတရားတွေကိုလည်း ဖတ်ရှုရမှာမို့ အောင်မြင်လိုသူ လူငယ်တိုင်း သဘောကျနှစ်သက်မယ့် စာအုပ်ပဲ ဖြစ်ပါတယ်။