အဂၤါၿဂိဳဟ္သား

လင်းဝိုင်

2000 Kyats ကျပ်
The Martian ဆိုတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်ကြီးကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ ဒီဝတ္ထုကို ကောင်းကောင်းကြီးသိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝတ္ထုက အဲဒီရုပ်ရှင်ကြီးဖြစ်လာစေတဲ့ ပင်မဖြစ်နေလို့ပါပဲ။ အင်္ဂါဂြိုလ်ပေါ်မှာ တစ်ယောက်တည်းသောင်တင်ခဲ့ပြီး အသက်ရှင်ဖို့အတွက် ဦးနှောက်ကို ပါးပါးနပ်နပ်အသုံးချတဲ့ အာကာသယာဉ်မှူးတစ်ယောက် အကြောင်းလေ။ အဲဒီ ဝတ္ထုကို မူရင်းရေးသားတာက အမေရိကန်စာရေးဆရာ Andy Weir ပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ကအစ အင်ဂျင်နီယာပညာ၊ အာကာသသိပ္ပံ ပညာရပ်တွေအကုန်လုံးက Andy Weir ကိုယ်တိုင်လေ့လာပြီး ရေးသားခဲ့တာပါတဲ့။ ဝတ္ထုထဲမှာ အထီးကျန်မှု၊ မွန်းကြပ်မှု၊ အသက်ရှင်လိုမှု၊ ဉာဏ်ထက်မှု၊ စိတ်ဓာတ်ခိုင်မာမှုနဲ့ အထွေထွေဗဟုသုတတွေ အများကြီးပါဝင်ပြီး ဇာတ်လမ်းအစကနေ အဆုံးအထိ စာအုပ်ကို လက်ကမချနိုင်အောင် ဆွဲဆောင်အားကောင်းပါတယ်။ “ကျွန်တော့်ကို နိုင်ငံတော် အခမ်းအနားနဲ့ အသုဘတွေဘာတွေ ချရင်ချကြလိမ့်မယ် ထင်တယ်။ ကျွန်တော့် ဝီကိပိဒိယ မှာလည်း “မာ့ခ် ဝတ်တနေသည် အင်္ဂါဂြိုဟ်ပေါ်တွင် ပထမဆုံး သေဆုံးခဲ့သူ လူသားဖြစ်သည်” လို့ ရေးကြမှာပေါ့” “ကျွန်တော် ဒီကနေ အသက်ရှင်လျက် လွတ်မြောက်ဖို့ နည်းလမ်းရှာနေတာဗျ။ နောက်လေးနှစ် လောက်ကြာရင် အေးရီးစ်-၄ နဲ့အတူ အင်္ဂါဂြိုဟ်ပေါ်ကို လူတွေ ရောက်လာကြဦးမှာ။ (ကျွန်တော် သေလို့ဆိုပြီး အဲ့မစ်ရှင်ကိုပါ ဖျက်ပစ်လိုက်ရင်တော့ မပြောတတ်ဘူးပေါ့ဗျာ...)”