မနုဿမိကျောင်းနှင့် လောကီလွန်မှ ဖြစ်ရပ်ဆန်းများ

လင်းလက်အောင်

500 Kyats ကျပ်
မိုးဇာတ်ဆိုတဲ့ ကောင်လေးဟာ လပြည့်ညတစ်ညမှာ တစ်ယောက်တည်း ငါးဖမ်းထွက်ခဲ့တယ်။ ချောင်းစပ်လမုတောတစ်နေရာမှာ မိန်းကလေးတစ်ယောက်ရဲ့ ငိုရှိုက်သံလိုလို ကြားမိတာကြောင့် အနားကပ်စူးစမ်းကြည့်တဲ့အခါ ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ယောက်ကို လရောင်အောက်မှာ မြင်လိုက်ရတယ်။ ဒါနဲ့ပဲ မိုးဇာတ်က မိန်းကလေးအနား ချဉ်းကပ်သွားပြီး မေးမြန်းစုံစမ်းတာပေါ့။ မိန်းကလေးရဲ့ ပခုံးမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတယ်။ သွေးတွေလည်း မြင်မကောင်းအောင် ထွက်နေတယ်။ ဒါနဲ့ မိုးဇာတ်လည်း တတ်သမျှ မှတ်သမျှနဲ့ ဒဏ်ရာကို ပြုစုကုသပေးခဲ့တယ်။ မိန်းကလေးနာမည်က လမင်းဖြူတဲ့။ မိုးဇာတ်နဲ့ လမင်းဖြူဟာ အဲဒီညမှ စပြီး ခင်မင်သွားခဲ့ကြတယ်။ မိုးဇာတ်ရင်ထဲမှာ လပြည့်ညမှာ တွေ့ခဲ့ရတဲ့ လမင်းဖြူကို အစွဲကြီး စွဲသွားခဲ့တာပေါ့။ ဒီအဖြစ်အပျက် မတိုင်ခင်တစ်နေ့က ချောင်းစပ်မှာ မိချောင်းတစ်ကောင် သောင်းကျန်းနေလို့ ရွာသားတွေ ဝိုင်းဖွဲ့နှိမ်နှင်းခဲ့ပေမဲ့ မိချောင်းကို အသေမသတ်နိုင်ဘဲ ဒဏ်ရာရပြီး လွတ်သွားခဲ့တဲ့ အဖြစ်အပျက် ရှိထားတယ်။ မိုးဇာတ်နဲ့ တွေ့ခဲ့တဲ့ လမင်းဖြူဆိုတဲ့ ဒဏ်ရာရ မိန်းကလေးက ဘယ်သူလဲ၊ ဘယ်ကနေ ရောက်လာတာလဲ၊ ဘာကြောင့် ဒဏ်ရာရထားတာလဲ၊ လူအဖြစ် ပြောင်းလဲတတ်တဲ့ နတ်မိချောင်းဆိုတာ တကယ်ရှိသလား၊ လမင်းဖြူနဲ့ မိချောင်းက ဘယ်လို ပတ်သက်နေတာလဲ စတဲ့ ပဟေဠိတွေကို ဒီစာအုပ်ထဲမှာ ဖတ်ရှုဆန်းစစ်ကြည့်လိုက်ရအောင်!