ထိုင်း မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးတပ်မှတ်တမ်း

လင်းယုန်သစ်လွင်

600 Kyats ကျပ်
(၁၉၄၂) ခုနှစ်မှ (၁၉၄၅) ခုနှစ်အထိ ဂျပန်တပ်မတော်က သုံးနှစ်ကြာ ဖောက်လုပ်ခဲ့တဲ့ ထိုင်း-မြန်မာ မီးရထားလမ်း၊ တနည်း ‘သေမင်းတမန်ရထားလမ်း’ ကို စာဖတ်သူတွေ နာမည် ကြားဖူးရုံမက တချို့ အကြောင်းအရာတွေကိုလည်း သိပြီးသား ဖြစ်ပါလိမ့်မယ်။ မီးရထားလမ်း ဖောက်လုပ်ရာမှာ မြန်မာတိုင်းရင်းသား ရှစ်သောင်းကျော်နဲ့ မဟာမိတ်တပ်သား၊ စစ်သုံ့ပန်း တစ်သောင်းကျော် သေဆုံးခဲ့ရတယ်။ ယခု စာအုပ်ဟာ၊ သေမင်းတမန် ရထားလမ်း ဖောက်လုပ်ဖို့ ချွေးတပ်အဆွဲခံရပြီး ကိုယ်တိုင် လိုက်ပါသွားရသူ ဆရာ လင်းယုန်သစ်လွင်က သူ့ရဲ့ ဆိုးရွားလှတဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို မှတ်တမ်းသဖွယ် ရေးသားထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရ သမိုင်းဝင် ဖြစ်ရပ်တစ်ခုမို့ အားလုံးကို ဖတ်ကြည့်စေချင်ပါတယ်။