ရှောရှန့်က မိန်းမလှ

လင်းတင့်သီဟ

700 Kyats ကျပ်
"ဒီမယ် ကိုယ့်လူ။ မျှော်လင့်ခြင်း.. ဟုတ်လား။ မျှော်လင့်ခြင်းဆိုတာ ဒီထောင်ကြီးမှာ ထားကောင်းတဲ့အရာ မဟုတ်ဘူးကွ" Rita Hayworth & Shawshank Redemption ဆိုတာ Stephen King ရဲ့ (၁၉၈၂) ခုနှစ် ရာသီစုံ စုဆောင်းမှုထဲက လက်ရာကောင်းတစ်ပုဒ် ဖြစ်သလို ဒီဝတ္ထုဟာ လီယိုတော်စတွိုင်းရဲ့ "God Sees the Truth, But Wait" ဆိုတဲ့ ဝတ္ထုတိုကို ပြန်လည်ကိုးကားညွန်းဆိုတယ်လို့ အများက ဆိုခဲ့တဲ့ ဝတ္ထုတစ်ပုဒ်လည်း ဖြစ်တယ်။ ဝတ္ထုဟာ အောင်မြင်ခဲ့သလို နောက်ပိုင်းမှာ မင်းသားကြီး တင်ရော်ဘင်၊ မော်ဂန်ဖရီးမန်းတို့ နှစ်ဦးကို အဓိက ထားပြီး Shawshank Redemption ဆိုတဲ့ နာမည်နဲ့ ဒါရိုက်တာ ဖရန့်ဒါရာဘွန့်က ရုပ်ရှင်ရိုက်ခဲ့တော့လည်း အဲ့ခေတ်က Pulp Fiction နဲ့ Forrest Gumps တို့နည်းတူ ငွေကြေးအရရော၊ ရုပ်ရှင်ဆုများစွာအရပါ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒီလို အဖက်ဖက်က ရသစုံ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့တဲ့ စာအုပ်တစ်အုပ်ကို မြန်မာစာဖတ်ပရိသတ်အတွက် ဆရာလင်းတင့်သီဟက "ရှောရှန့်က မိန်းမလှ" ဆိုတဲ့ နာမည်နဲ့ ရေးသားခဲ့တာကို ဖတ်ရှုရတော့မှာ ဖြစ်ပါတယ်။ ဆရာလင်းတင့်သီဟ ဆိုတာလည်း မကြာသေးမီက ဆုရောင်စဉ် စာအုပ်တိုက်ကနေပဲ Dan Brown ရဲ့ Angels & Demons ကို 'မှောင်သောအလင်း' ဆိုတဲ့ စာအုပ်ကြီး ရေးသားခဲ့ရာမှာ စာဖတ်သူများရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ စာရေးဆရာတစ်ယောက်ပါ။ ရှောရှန့်.. ဆိုတာဘာလဲ? ရှောရှန့်ဆိုတာ တကယ်တော့ အကျဉ်းထောင်ကြီးတစ်ခုရဲ့ နာမည်.. ဒီစာအုပ်ထဲမှာ စာဖတ်သူအနေနဲ့ မိန်းမလှလေးတွေ၊ ရွှေပြည်အေးတရားမျိုးတွေ၊ ချစ်ခင်သာယာ ပီယဝါစာ စကားမျိုးတွေကိုတော့ မြင်တွေ့ရမှာ မဟုတ်ဘူး။ အဲ့ဒီအစား..အန်ဒီဒူဖရန့်ဆိုတဲ့ ရွှေရောင်ဆံပင်နဲ့ လေတိုက်ရင် မျောပါသွားမယ့် လူတစ်ယောက်၊ အကျဉ်းထောင်တွင်းမှာ လိုသမျှ ပစ္စည်းတွေကို သွင်းပေးနေတဲ့ ရက်ဒ် နဲ့ သူတို့ကျင်လည်ရာ ထောင်အဝန်းအဝိုင်းတွင်းက အရာတွေကို အရောင်အသွေးစုံလင်စွာနဲ့ မြင်တွေ့ရမှာ ဖြစ်တယ်။ အင်ဒီဒူဖရန့်ဟာ မျောက်မထားတဲ့ယောက်ျားနဲ့ ကိုယ့်မိန်းမကိုယ် ပြန်သတ်မှုနဲ့ မိန်းပြည်နယ်က 'ပျော်စရာရှောရှန့်မိသားစု' လေးထဲကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံစေဖို့ အမိန့်ချခံလိုက်ရတဲ့သူ။ သူ ထောင်ဒဏ် အနှစ် (၂၀) ကျခံပြီးတဲ့နောက်မှာ သူ့မိန်းမရော၊ ဖောက်ပြန်တဲ့ယောက်ျားကိုပါ သတ်ခဲ့တာက တစ်ခြားသူတစ်ယောက်ဆိုတာ သိသွားပြီးတဲ့နောက်.. သူ ဒီပျော်စရာရှောရှန့်မိသားစုလေးထဲမှာ ဘယ်လိုဆက်နေမယ်ဆိုတာကို စာရှုသူတို့အနေနဲ့ ရှုစားရမှာပါ။ ဒီတော့ စာဖတ်သူအနေနဲ့ ရှောရှန့်က မိသားစုလေးထဲမှာ ဘာတွေများ တွေ့ရမယ် ထင်သလဲ။ ဘာကြောင့် ဒီလို ဇာတ်လမ်းမျိုးက စာအုပ်အဖြစ်ရော၊ ရုပ်ရှင်အဖြစ်ရော ဝက်ဝက်ကွဲအောင်မြင်ခဲ့ရသလဲ။ ဒါတွေကို သိချင်တယ်ဆိုရင်တော့...