တိမ်တိုက်တို့ရဲ့အသွင်ကွဲရာသီ

လင်းညှို့သွေး

600 Kyats ကျပ်
တစ်ယောက်က အသုံးအဆောင်တစ်ခုခုဝယ်ရင် ကျန်တဲ့နှစ်ယောက်အတွက်ပါ အဆင်တူအရောင်တူ ပုံစံတူနှစ်ခု တစ်ခါတည်းဝယ်လာပြီး ပေးတဲ့အထိကို သုံးကိုယ်တစ် စိတ်ဖြစ်နေတဲ့သူတွေပေါ့။ အဲဒီလို သူတို့သုံးဦးကို သူငယ်ချင်းမိန်းကလေးတစ်ယောက်က မှတ်ချက်ပေးဖူးပါတယ်။ “ရည်းစားထားရင်တောင်မှ တစ်ယောက်တည်းကိုပဲ အကုန်လိုက်ကြိုက်မလား မသိပါဘူး”တဲ့။ တစ်နေ့မှာတော့ အဲဒီမှတ်ချက်စကားဟာ တကယ်ပဲ ဖြစ်လာခဲ့ပါသလား။ အရည်အချင်းတူ၊ အချစ်ချင်းတူ၊ လူချင်းတူ ညီကြတဲ့ သူတို့သုံးဦးဟာ ဘယ်ပစ်မှတ်တစ်ခုတည်းကိုများ တူညီစွာ ပစ်ခတ်ကြတာကြောင့် ... အမှန်တရားဟာ ဘာကြောင့် အမှားဖြစ်သွားရတာလဲ ဆိုတာကတော့ ... ။ ဒီဝတ္ထုထဲမှာ ရင်ခုန်လှိုက်မောစွာ ဖတ်ရှုရမှာပါ။