ချစ်သူခိုင်းဖတ်

လင်းညှို့သွေး

600 Kyats ကျပ်
‘မိုးအိမ်သစ်’ နဲ့ ‘စွဲငြိတွယ်’ - ထူးခြားတိုက်ဆိုင်တာက သူတို့နှစ်ဦးလုံးဟာ အများနဲ့မတူတဲ့ အမြင်တွေရှိကြသလို ဉာဏ်ရည် ထက်မြက်သူချင်းမို့ တွေ့စမှပဲ အချစ်ကို ဉာဏ်ရည်နဲ့ယှဉ်ပြီး လမ်းခင်းခဲ့ကြပါတယ်။ တစ်ခုတော့ရှိတာပေါ့။ ကမ္ဘာနိယာမအတိုင်း ချစ်ခြင်း ကို ဖွင့်ထုတ်ကြတဲ့အခါမျိုးတွေမှာ ယောက်ျားသားတွေဟာ တောင်းခံသူအဖြစ် စမ်းသပ်စစ်ဆေးမှုတွေကို ခံရစမြဲဖြစ်ပြီး မိန်းမ သားတွေကတော့ ပေးအပ်သူအဖြစ် လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်ကြသူတွေလေ။ ဒါကြောင့်ပဲ မိုးအိမ်သစ်တစ်ယောက်၊ စွဲငြိ တွယ်ရဲ့ စမ်းသပ်စစ်ဆေးမှုကို ခံယူရင်း ချစ်သူခိုင်းသမျှ စေလိုရာစေခဲ့ရပါတော့တယ်။ ဒါပေမယ့် စွဲငြိတွယ်ရဲ့ လက်ညှိုးညွှန် ရာဟာ ခက်ခဲတဲ့ ပဟေဋ္ဌိပုစ္ဆာ ဖြေဆိုခန်းတွေ ဖြစ်နေတာမို့ “ချစ်သူခိုင်းဖတ်” ဟာ ထူးထူးခြားခြား အကြောင်းအရာတွေကို လိုက်လံမှတ်သားရင်း၊ ရင်ဖိုသိလိုစိတ်တွေ ပြင်းပြရင်း ဖတ်ရှုရမယ့် ချစ်ခြင်းဖွဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ ပြောပါရစေ။