ကြမ္မာမုန်တိုင်း

လင်းခန့်

1500 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် ✅ ယခု သင့်လက်အတွင်း ကိုင်ထားသည့် စာအုပ်သည် အလွန်တရာ စိတ်မချမ်းမြေ့ဖွယ် ကောင်းမည့်အကြောင်း စိတ်မကောင်းစွာ ပြောကြားပါရစေ။ အကြောင်းမှာ ဤစာအုပ်ပါ အကြောင်းအရာများသည် ကံဆိုး မိုးမှောင် ကျရရှာသည့် ကလေးသုံးယောက်၏ စိတ်မချမ်းသာစရာ ဇာတ်လမ်း ဖြစ်နေသောကြောင့်တည်း။ ဘော်ဒလဲယား မောင်နှမကလေးတစ်သိုက်မှာ ဉာဏ်ရည်ထက်မြက်၍ ချစ်စဖွယ်ကောင်းလှသော်ငြား သူတို့၏ ဘဝကလေးများမှာ သာယာဖြောင့်ဖြူးခြင်း မရှိရှာဘဲ ဆန်းကြယ်ထူးခြား၍ ဒုက္ခများလှသည်။ ကမ်းခြေတွင် ရောက်နေသော ကလေးများမှာ သတင်းဆိုးကို စတင်သိရသည့်အချိန် ပထမဆုံး စာမျက်နှာမှ စတင်ကာ ဇာတ်လမ်းတစ်လျှောက်လုံး၌ ကြမ္မာဆိုးအဖုံဖုံအား ဆက်တိုက် ကြုံလာရသည်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာ” ဟုပင် ခေါ်ဆိုရမည်လား မသိ။ ဤစာအုပ်၌ ကလေးများ ကြုံရမည့် ဒုက္ခများမှာ လောဘကြီး၍ ကောက်ကျစ်ယုတ်မာသော လူကြမ်းတစ်ဦး၊ ယားယံစေသည့် အဝတ်အစားများ၊ ဆန်းကြယ်သော မီးလောင်မှု၊ သူတို့၏ အမွေပစ္စည်းများအား ခိုးယူမည့် အကြံအစည်နှင့် မနက်စာအတွက် အေးစက်နေသော ဆန်ပြုတ်တို့ပင် ဖြစ်သည်။ ဤကဲ့သို့ စိတ်မချမ်းမြေ့စရာ အကြောင်းအရာများကို ဇာတ်စုံ ခင်းပြရန်မှာ ကျွန်ုပ်၏ ဝမ်းနည်းဖွယ် တာဝန်တစ်ရပ် ဖြစ်နေပေသည်။ သို့သော် သည်စာအုပ်ကို သင့်လက်ထဲမှ ယူ၍ လွှင့်ပစ်ဖို့တော့ ကျွန်ုပ်လည်း မတတ်နိုင်ပါ။ ပျော်စရာ ရွှင်စရာ ဇာတ်လမ်းမျိုးကိုသာ နှစ်သက်လျှင် အခြား စိတ်ချမ်းသာစရာ ဇာတ်လမ်းများကိုသာ ဖတ်ပါလေ။