ဂျွိုင်းလန်း

လင်းခန့်

1000 Kyats ကျပ်
ဒီဂျွိုင်းလန်းဆိုတဲ့ ဝတ္ထုမူရင်းက သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေရဲ့ ဖခင်လို့ တင်စားလေ့ရှိကြတဲ့ စတီဖင်ကင်း ရေးသားထားတာပါ။ ဇာတ်လမ်းဟာ ကစားကွင်းမှာ အလုပ်လာလုပ်တဲ့ ဒက်ဗင်အမည်ရှိ ဆယ်ကျော်သက် လူရွယ်လေးတစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဝတ္ထုက ငြိမ့်ငြိမ့်လေးနဲ့ ချောက်ချားဖို့ကောင်းသလို လူ့သဘောသဘာဝ၊ ဝေခွဲမရတဲ့ စိတ်ခံစားချက်တွေ၊ ကြိုမမြင်နိုင်တဲ့ လှည့်ကွက်တွေနဲ့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ကစားကွင်းနဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ်တွေကလည်း အရင်ခေတ်က အခေါ်အဝေါ်တွေ ဖြစ်တဲ့အတွက် ဗဟုသုတလည်း ရပါတယ်။ စတီဖင်ကင်းရဲ့ နာမည်ကြီး ဇာတ်လမ်းတွေထဲက တစ်ပုဒ်ဖြစ်လို့ ဖတ်ကြည့်စေချင်ပါတယ်။