Destiny

ရွှန်းလဲ့ရည်နိုင်

အခမဲ့
ဒီတစ်ခါ BL လေးကတော့ တစ်ဖက်သတ်အချစ်ကနေ အစပြုတဲ့ BL Novel တစ်ပုဒ်ပေါ့! ညီမင်းယံဟာ အစတုန်းကတော့ ယောက်ျားတွေကို လုံးဝမကြိုက်တဲ့ Straight စစ်စစ်။ အချစ်ဆိုတာကိုလည်း သေသေချာချာ မထိတွေ့ဖူးသေးသူ။ ဒါပေမဲ့ ... ဆရာကန်တော့ပွဲနေ့ ဖျော်ဖြေပွဲအစီအစဉ်တွေ လေ့ကျင့်နေတုန်း အရမ်းလှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ နောက်မှ သိလိုက်ရတာက၊ အဲဒီတစ်ယောက်က ကောင်မလေးမဟုတ်ဘဲ ပြဇာတ်ကဖို့ အလှပြင်ထားတဲ့ ကောင်လေးဖြစ်နေတယ် ဆိုတာပေါ့။ သူ့နာမည်က ရှိန်းထက်နိုင် ... တဲ့။ အဲဒီအခိုက်အတန့် ခဏလေးအတွင်းမှာပဲ ညီမင်းယံတစ်ယောက် အချစ်ကို နှလုံးသားနဲ့ ခံစားထိတွေ့လိုက်ရတယ်လို့ ပြောရမယ်။ ရှိန်းထက်နိုင်ကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ အရမ်းမာနကြီးတယ်။ ဒီတော့ ညီမင်းယံတစ်ယောက် မျှော်လင့်ချက်တွေ ယိုင်လဲမလို ဖြစ်ရတယ်။ ရင်ခုန်စရာတစ်ခုကတော့ ညီမင်းယံမသိလိုက်တာက ရှိန်းထက်နိုင်ကလည်း သူ့ကို သတိထားမိနေတယ် ဆိုတာပါပဲ။ ညီမင်းယံရဲ့သူငယ်ချင်းတွေကလည်းချွန်၊ ညီမင်းယံကလည်း ရှိန်းထက်နိုင်မြင်ရင် တငေးတမောနဲ့ ဖြစ်နေရာကနေ ... နောက်ပိုင်း သူတို့နှစ်ယောက် ဘယ်လိုနီးစပ်လာမလဲ ? တစ်ဖတ်သတ်အချစ်ကနေ ရင်ခုန်စရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဘယ်လိုမျိုး အတူတူဖန်တီးမိကြမလဲဆိုတာ ဖတ်ရှုခံစားကြည့်လိုက်ရအောင်! Plot Twist တွေကလည်း ကိုယ်မထင်ထားတွေမို့ ဖတ်ရတာ စိတ်လှုပ်ရှားစရာပါပဲ