အချစ်ရပ်ဝန်းနှင့်မကင်းသူများ

ရွှန်းရမီမိုး

600 Kyats ကျပ်
အမေက ပေးထားတဲ့ သားအကြီးဆုံးနာမည်က ပညာတင့်။ ဒါပေမယ့် ဆယ်တန်းစာမေးပွဲကို တဘုန်းဘုန်းကျပြီး ရပ်ကွက်ထဲလှည့် လည်ရာပြန်စားရေးလုပ်နေသူ၊ ရပ်ကွက်ထဲက သတင်းစုံအတင်းစုံကို ယောက်ျားလေးတန်မဲ့ လှည့်ပြော တတ်လို့ စိန်မောင်းလို့ အမည်တွင်သူ။ သမီးအလတ်နာမည်က သဒ္ဒါတင့်။ ပညာတတ် ဆရာဝန်မကြီးဖြစ်ပြီး ပြင်ပဆေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဒေါ်လာစားကြီးဖြစ်ပေမယ့် အလွန်ကပ်စေးနှဲသူ။ သမီးအငယ်က အိနြေ္ဒတင့်။ နောက်ဆုံး နှစ်ကျောင်းသူတစ်ဦး ဖြစ်နေပေမယ့် ရပ်ကွက်ထဲက ရှပ်ပြာတင့်လို့တောင် အမည်ပေးရတဲ့အထိ ဖလန်းဖလန်း ထနေသူ။ ဒီမိသားစု ဒီမောင်နှမတွေဟာ တစ်ယောက်တစ်ပေါက်ဆီဖြစ်ပေမယ့် သူတို့ဘဝနဲ့သူ ပျော်ရွှင်နေကြလို့ပါ။ ဒီလိုမိသားစုထဲ အချစ်ရပ်ဝန်းနဲ့ မကင်းနဲ့သူများအဖြစ် ပေါ်ပေါက်လာတဲ့ ဇာတ်လမ်းလေးကတော့ မြူးမြူးကြွကြွ ပေါ့ပေါ့ပါးပါး သွက်သွက် လေးမို့ စာဖတ်သူတို့ နှစ်ခြိုက်ကြမှာပါ။