မညီမျှခြင်းရဲ့တစ်ဖက်ဆီမှာ

ရွှန်းရမီမိုး

600 Kyats ကျပ်
ပိတ်ရက်လေး ရှားရှားပါးပါးရတဲ့တစ်နေ့ မိုးလနဲ့ ဒီပါတို့ သူငယ်ချင်းနှစ်ယောက် အေးအေးလူလူ အနားယူနေကြတုန်း နောက်ဖေးဘက်ဆီက အသံတစ်သံကြောင့် ထကြည့်ကြတော့ လျှင်မြန်တဲ့ အရိပ်တစ်ရိပ် အောက်ထပ်ကို လှေကားအတိုင်း ပြန်ဆင်းသွားခဲ့ပြီ။ တခြားသူ မဟုတ်ဘူး။ အောက်ထပ်က ဂျမ်းတောဆိုတဲ့ ကောင်မလေး။ အပေါ်ထပ်က ရေကျလို့ဆိုပြီး ပန်းအိုးကို လာတက်ခွဲသွားတဲ့ ဂျမ်းတောဆိုတာ မိုးလရဲ့ ရည်းစား။ အမှန်တော့ ဂျမ်းတောရဲ့ နာမည်က မြဲသက်ညှာပါ။ ချစ်စရာကောင်းတဲ့ သက်ညှာရယ်ပါ။ မိုးလ သိပ်ချစ်ရတဲ့ မြဲသက်ညှာလေးပါ။