အချစ်၏ ခြေရင်းဝပ်ဆင်းခဲ့ရသောအမုန်း

ရွှန်းရမီမိုး

600 Kyats ကျပ်
အချစ်နဲ့ အမုန်းမှာ ဘယ်အရာက ပိုပြီး အင်အားကြီးမားတယ်လို့ ထင်သလဲ။ တချို့ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် မမြင်ချင်၊ မတွေ့ချင်၊ အသံမကြားချင်လောက်အောင် မုန်းတီးနေတတ်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းဟာ အချစ်အဖြစ် ပြောင်းလဲသွားတာမျိုး၊ အဲဒီကနေ မုန်းတီးနေသူတွေဟာ အချစ်ဆုံး ချစ်သူတွေအဖြစ် ရောက်ရှိသွားတာမျိုး၊ ဒီလို အဖြစ်အပျက်တွေ ရှိတယ်ဆိုတာ ကြားဖူးကြမှာပေါ့။ ဒါကြောင့်မို့လည်း အချစ်က ထူးဆန်းတဲ့ အရာတစ်ခုလို့ ဆိုကြတာ။ ဆရာမ ရွှန်းရမီမိုးရဲ့ အချစ်၏ခြေရင်း ဝပ်ဆင်းခဲ့ရသောအမုန်း စာအုပ်လေးမှာတော့ အရိပ်ဆိုတဲ့ ကောင်လေးဟာ ဖခင်အရက်သမားကြီးကို ပြုစုလုပ်ကျွေးဖို့အတွက် Taxi မောင်းပြီး ပင်ပင်ပန်းပန်း ငွေရှာနေသူ။ တစ်ဖက်ကလည်း ဝါသနာပါတဲ့ ဂီတကို အရင်းပြုပြီး စားသောက်ဆိုင်မှာ အဆိုတော်အဖြစ် သီချင်းသီဆိုဖျော်ဖြေရင်း ပိုက်ဆံရှာရသေးတယ်။ အရိပ်တို့သားအဖမှာ ကလဲ့စားချေဖို့ လူတစ်ယောက်လည်း ရှိနေတယ်။ သူတို့မိသားစု ဘဝပျက်အောင် လုပ်ခဲ့တဲ့ ဦးကျော်ခဆိုသူကို လက်တုန့်ပြန်ဖို့။ လူရဲ့ ကံက အမြဲတမ်း ပြောင်းလဲနေတတ်တယ် ဆိုတာလည်း အမှန်။ အရိပ်ဟာ နော်နီနီဆိုတဲ့ သူငယ်ချင်းမလေးနဲ့ တွေ့ပြီး နော်နီနီရဲ့ တေးစီးရီးအသံသွင်းကိစ္စတွေမှာ ကူညီရင်း စုံတွဲသီချင်းတစ်ပုဒ် ဝင်ဆိုခဲ့တယ်။ ခွေထွက်တဲ့အခါမှာ နော်နီနီနဲ့ တွဲဆိုတဲ့ သီချင်းက ပေါက်သွားခဲ့တယ်။ ဒီနောက်မှာ အရိပ်ဟာ မိန်းကလေးတစ်ယောက်နဲ့ ထပ်တွေ့ပြန်တယ်။ ဒီမိန်းကလေးက သူတို့ရဲ့ ရန်သူ ဦးကျော်ခရဲ့ သမီးဖြစ်နေတဲ့အခါ အရိပ်ရဲ့ အမုန်းတွေက ဘယ်လောက်အထိ ပြင်းထန်လေမလဲဆိုတာတော့ …