ကြယ်တစ်ပွင့်ပုံပြင်

ရှင်မီထယ်

600 Kyats ကျပ်
❤ ယောက်ျားလေးတွေ ပါးစပ်ဖျားမှာ ရေပန်းစားသလို တကယ်လည်း ပွေရှုပ်တဲ့ ရုက္ခမေ။ သူငယ်ချင်းကို အနစ်နာခံပြီး ပွေရှုပ်တတ်တဲ့အကျင့်ကို ပြင်စေချင်တဲ့ နက္ခရွှေ။ သူတို့နှစ်ယောက်က နာမည်သာခပ်ဆင်ဆင် ဖြစ်တာ အကျင့် စရိုက်ချင်းတော့ သိပ်မဆင်လှပါဘူး။ ဒါပေမဲ့၊ နက္ခက ရုက္ခကို ခနဲ့တဲ့တဲ့ စကားတွေပြောလေ့ရှိလို့ သူတို့နှစ်ယောက် တည့်လေ့မရှိဘူး။ ငယ်ငယ်လေးကတည်းက ပြောမနာဆိုမနာ ခင်မင်လာတဲ့သူငယ်ချင်းနှစ်ယောက်က မထင်မှတ်ဘဲ သမီးရည်းစားဘဝကို ရောက်သွားပါတယ်။ ❤ ပွေရှုပ်တတ်တဲ့ ရုက္ခမေက သူအကျင့်ကိုပြင်နိုင်ပါ့မလား။ သူတို့နှစ်ယောက်ကြားထဲကို ဘယ်လိုလူတွေရောက် လာမလဲ။ ငယ်ကျွမ်းဆွေဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းက ဖြောင့်ဖြူးပါ့မလား ဆိုတဲ့မေးခွန်းတွေရဲ့ အဖြေကိုတော့ ဒီဝတ္ထုထဲမှာ တွေ့ရမှာပါ။ အချစ်၊ အလွမ်းတွေကို ရင်နင့်နေအောင် ခံစားဖတ်ရှုရမှာဆိုတော့ ... ဒီနေ့ညပဲ ဖတ်လိုက်တော့နော် !