ရှေ့နေမလေးပန်းချယ်ရီနှင့် ပျောက်ဆုံးနေသောတရားခံ

ရှင်နွယ်ဟန်

300 Kyats ကျပ်
ရှေ့နေမလေး ပန်းချယ်ရီက ထက်မြက်တယ်။ လူအကဲခတ်တဲ့နေရာမှာ အရမ်းတော်တယ်။ ပန်းချယ်ရီက အမှုတစ်ခုကို ရက်ပိုင်းအတွင်း ဖော်ထုတ်လိုက်တာကို တအံ့တဩနဲ့ ဖတ်ရတယ်။ ဇာတ်လမ်းက … တစ်နေ့သူ့ဆီကို ယုနွယ်နဲ့သီရိဆိုတဲ့ ကောင်မလေးနှစ်ယောက် အမှုလာအပ်တယ်။ သူတို့ သူငယ်ချင်း မာလာပျောက်သွားတဲ့ကိစ္စပေါ့။ မာလာပျောက်သွားတာက သူ့ကောင်လေးနဲ့ချိန်လားလို့ အပြင်သွားပြီး ပြန်မလာရာကနေ ပျောက်သွားတာ။ အဲဒီအမှုကို ပန်းချယ်ရီဖော်လိုက်တဲ့အချိန်မှာ တော်တော်ကို အံ့သြဖို့ကောင်းသွားတယ် ! အမှုက ဘယ်လိုမျိုးလဲ ? ရက်ပိုင်းအတွင်း ဘယ်လိုဖော်ထုတ်လိုက်တာများလဲ ? သည်းထိတ်ရင်ဖို စိတ်ဝင်စားစရာ စုံထောက်ဝတ္ထုမို့ ဖတ်ကြည့်လိုက်ဦးနော်