ဆွေး

ရှင်နွယ်ဟန်

400 Kyats ကျပ်
စိမ်းညို့ရှင်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ သူ့သူငယ်ချင်း မြသီတာအိမ်မှာ သွားနေတယ်။ အိမ်ကိုရောက်တော့ သူ့သူငယ်ချင်းက သူ့ကို အိမ်အောက်ထပ်မှမထား၊ အပေါ်ထပ်မှာ ပဲထားတယ်။ ညရောက်တော့ သူ့အိမ်မက်ထဲကို ကြာညိုဆိုတဲ့ ကောင်မလေးတစ်ယောက် အကူအညီလာတောင်းတယ်။ အိမ်အောက်ထပ်က အခန်းတစ်ခန်းကိုလည်း လက်ညှိုးထိုးပြတယ်။ အိပ်မက်အကြောင်း သူငယ်ချင်းမြသီတာကို ပြောပြတော့ မျက်စိပျက်မျက်နှာပျက်ဖြစ်သွားတယ်။ အဲဒီလိုနဲ့ စိမ်းတစ်ယောက် ကြာညိုဆိုတဲ့ကောင်မလေး လက်ညှိုးညွှန်ပြတဲ့အခန်းကို ခိုးဝင်ဖို့ ကြိုးစားတဲ့နောက်မှာ ဘာတွေဖြစ်လာမလဲ ?