သူငယ်ပြန်

ရှင်နွယ်ဟန်

200 Kyats ကျပ်
သူငယ်ပြန်တယ်ဆိုတာဟာ နှိမ်စရာ အထင်သေးစရာ စနောက်စရာတစ်ခု မဟုတ်ပါဘူး။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာပါပဲ။ ဒီဝတ္ထုထဲမှာဆိုရင် ဦးစောထွန်းက သူငယ်ပြန်နေတာ။ တကယ့် ကလေးစိတ်။ ထမင်းဆို ခွံ့ကျွေးမှ စားတယ်။ ကလေးတွေနဲ့ ဂေါ်လီရိုက်ချင်တယ်။ ငိုတယ်။ ကြောင်နဲ့ကြွက်ကား ကြည့်ချင်တယ်။ ဒါမျိုးလေးတွေကို စိတ်ညစ်စရာပုံစံနဲ့ မဟုတ်ဘဲ ချစ်စရာကောင်းတဲ့ ပုံစံနဲ့မြင်တွေ့ရတယ်။ ဒါပေမဲ့၊ သားသမီးဖြစ်သူတွေ အိမ်ထောင်ကျသွားတဲ့အခါ ချွေးမတို့ဘာတို့က သူငယ်ပြန်နေတဲ့ အဖိုးကြီးတစ်ယောက်အပေါ် ငြိုငြင်တာတွေ ဖြစ်လာတယ်။ အဖိုးကြီးက ဘယ်လောက်ပဲ သူငယ်ပြန်နေပါစေ ... သူ့မိသားစုကို ငယ်ငယ်လေးကတည်းက အုပ်မိုးပေးပြီး လုံခြုံမှုပေးခဲ့တဲ့ အိမ်ကြီးနဲ့ ခွဲခွာရတဲ့အခါ ဝမ်းနည်းကြေကွဲရမှုကို မြင်ရမိတော့ ရင်ထဲမှာ သူငယ်ပြန်တတ်တဲ့ သက်ကြီးရွယ်အိုတွေကို စာနာမိတယ်။ ဖတ်ရတာ ကိုယ့်အတွက် တစ်ခုခုကျန်ခဲ့စေတဲ့ ဝတ္ထုတစ်ပုဒ်ပဲလို့ ပြောချင်ပါတယ်။