ပွင့်လန်းလာမည့် ပန်းကလေး

ရှင်နွယ်ဟန်

300 Kyats ကျပ်
ကလေးငယ်တွေဆိုတာ နူးညံ့ပါတယ်။ ပန်းလေးတစ်ပွင့်လိုပါပဲ။ ငယ်ရွယ်စဉ်ကတည်းက အလှပဆုံးဖြစ်အောင် ပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ ချိုချိုသဲဆိုတဲ့ ကလေးမလေးက ငယ်ငယ်လေးပေမဲ့ ဈေးရောင်းရတယ်၊ အိမ်အလုပ်လုပ်ရတယ်၊ အဒေါ်ရဲ့ ဆဲဆိုမှု၊ ရိုက်နှက်မှုကိုလည်း ခံရသေးတယ်။ ဒါပေမဲ့၊ သူ့မှာ စိတ်တစ်ခုရှိ၊ ဖြစ်ချင်တာတစ်ခုရှိတယ်။ အဲဒါက ကျောင်းတက်ချင်တာပါပဲ။ ချိုသဲလေးရဲ့ အကြောင်းကို ဒီစာအုပ်ထဲမှာ ဖတ်ရမှာပါ။ ဖတ်ပြီးတဲ့အခါ အတွေးတစ်ခုခု ရသွားစေနိုင်တဲ့ စာအုပ်လေးမို့ အားလုံးကိုဖတ်စေချင်ပါတယ်။