တစ်မိုးအောက်မှာ နှစ်ယောက်တည်းအတူတူ

ရှင်မြတ်နိုး

700 Kyats ကျပ်
မိသားစုစီးပွားရေး ရုတ်တရက်ပျက်စီးသွားတော့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်လာခဲ့ကြတဲ့ "ရတီ" တို့သားအမိနှစ်ဦး။ ဒါ့အပြင် အိမ်ထောင်ဦးစီးဖြစ်သူ ဖခင်ကပါ ဆုံးပါးသွားတော့ မိခင်က သူဌေးအိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ရတယ်။ ရတီကတော့ စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက်ပေါ့! သူ့ရဲ့အလုပ်နဲ့ သမီးကို မပတ်သက်စေချင်တဲ့ မိခင်နဲ့ သူဌေးသားလေး "မောင်ချစ်သူမောင်" ဆိုတဲ့ ကောင်လေးတစ်ယောက်ကြား ရတီ တစ်ယောက် ဘယ်လိုတွေဗျာများရမလဲဆိုတာကို ဒီဝတ္ထုလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်