မုန်းရိပ်သို့ ဝေးလွင့်စေ

ရှင်မြတ်နိုး

800 Kyats ကျပ်
ရွှေသဲညှာ က သူဌေးသမီးပေါ့၊ သမုဒယကင်းကတော့ ဆေးကျောင်းသား။ ခပ်ရိုရိုးနေတာ၊ အရမ်းလည်း မာနကြီးတယ်။ မိသားစုကလည်း ဆင်းရဲတာဆိုတော့။ သူတို့နှစ်ယောက် ဆုံတုန်းက နှစ်ယောက်လုံး မိသားစုရေးရာ ကိစ္စတွေနဲ့ စိတ်ညစ်နေကြတာ။ ညှာက အမေဖြစ်သူ ဖောက်ပြန်လို့ စိတ်ညစ်နေသလို၊ ကင်းကတော့ အစ်မက သူ့ရှေ့ရေးအတွက် သူဌေးကြီးတစ်ဦးနဲ့ ယူဖို့လုပ်နေလို့ စိတ်ညစ်နေရတာ ! "ကင်းကို ဘာဖြစ်လို့ ဒီလောက်အထိ အထင်သေးပြီး မုန်းတီးနေရတာလဲ ညှာရယ်၊ ကိုယ် မင်းကိုချစ်တယ်၊ ကိုယ်အချစ်ဆုံး မိန်းကလေးက မင်းပဲ" ဖြစ်ချင်တော့ ကင်းအစ်မ လက်ထပ်မယ့် သူဌေးကြီးက ညှာ ရဲ့ အဖေဖြစ်နေတာပါပဲ ဇာတ်လမ်းက အဲဒီမှာ ဇာတ်ရှိန်တက်တော့တာပဲ။ မာနကြီးတဲ့ ကင်းကို ညှာက မုန်းမိတယ်။ အချောင်သမား၊ ဂွင်သမားလို့လည်း ထင်သွားသလို၊ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်တော့တာပါပဲ။ ဒါပေမဲ့ ကင်းက စိတ်မဆိုးသလို ညှာ့ကိုလည်း ပြန်ပြီး အရွဲ့တိုက်တဲ့အခါမှာတော့ … သူတို့နှစ်ယောက်ရဲ့ မိသားစုပြဿနာက ဘယ်လိုဖြစ်လာမလဲ ?