မင်းအလိုအတိုင်း

ရှင်မြတ်နိုး

700 Kyats ကျပ်
❤ တစ်ခါတလေ ဘဝမှာ အပျော်ရဆုံးအချိန်တွေက စိတ်အဆင်းရဲရဆုံးအချိန်တွေ ဖြစ်သွားလေ့ရှိတယ်။ အဲဒီအခါကျ နှလုံးသားတစ်ခုလုံး ကြေကွဲသွားသလို ခံစားရတတ်တယ်။ မှူးလို့ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ခေါ်တဲ့ မှူးဟေသာခန့် ဆိုတဲ့ ကောင်မလေးတစ်ယောက်လဲ အဲဒီလိုပဲ။ ဆယ်တန်းကို ဂုဏ်ထူးတွေနဲ့ အောင်လို့ ပျော်ပြီး အိမ်ပြန်လာချိန်။ အိမ်သားတွေကပျော်ပုံမရ။ အကုန်ငြိမ်သက်လို့နေတယ်။ နောက်ဆုံးမှူးအဖေက ဓာတ်ပုံတစ်ပုံထုတ်ပြတယ်။ ဓာတ်ပုံထဲက ကောင်လေးနာမည်က လင်းသဏ်ညီတဲ့။ ❤ ဒါတွေက ဒီလောက်အထိမဆိုးရွားသေး။ အဆိုးရွားဆုံးကတော့ အဲဒီကောင်လေးကို မှူး လက်ထပ်ရမယ်ဆိုတာပါပဲ။ ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ အဖေဖြစ်သူကမပေး။ လက်ထပ်ဖို့သာ အမိန့်ပေးတယ်။ အကြောင်းအရင်းအမှန်ကို ပြောပြဖို့ ဘာဖြစ်လို့ ဒီလောက်အထိ ခက်ခဲနေတာလဲ၊ မဟုတ်မခံစိတ်ရှိတဲ့ မှူးကရော ဒီလက်ထပ်ပွဲကို ဘယ်လိုကန့်ကွက်မလဲဆိုတာ ဖတ်ရမှာပါ။ မထင်မှတ်ထားတဲ့ ဇာတ်လမ်းမြှုပ်ကွက်တွေရှိလို့ ရင်တထိတ်ထိတ်နဲ့ ဖတ်နေရပါလိမ့်မယ်။