ငါ ... အရမ်းမုန်းတယ်

ရှင်မြတ်နိုး

700 Kyats ကျပ်
လူချင်းလည်းမရင်းနှီး၊ ပြီးတော့ အခုမှစတွေ့ဖူးတာတောင် ပလိန်းကြီးအမုန်းခံနေရတာတွေ ကြုံဖူးကြလား။ တကယ်စိတ်ညစ်ဖို့ကောင်းတာပါ။ ချစ်ပန်းရိပ်တို့မိသားစုဆို ဒေါ်မိုးတိမ်ပြာရဲ့ ပလိန်းကြီးမုန်းတာကို ခံနေရတယ်။ ချစ်ပန်းရိပ်တို့ တစ်မိသားစုလုံးက ခေတ်ဆန်ဆန်၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် နေထိုင်ကြတယ်။ ပတ်ဝန်းကျင်နဲ့လည်း တည့်ကြတယ်။ ဒါပေမဲ့၊ အခုမှ အိမ်နီးနားချင်းအဖြစ် အိမ်ပြောင်းလာကြတဲ့ ဒေါ်မိုးတိမ်ပြာ ဘာလို့မျက်မုန်းကျိုးနေတာလဲ ? အကြောင်းအရင်းကတော့ ချစ်ပန်းရိပ်ကို ဒေါ်မိုးတိမ်ပြာက ချွေးမ,မတော်ချင်လို့တဲ့။ အဆန်းကြီးနော်… ဒေါ်မိုးတိမ်ပြာမှာ သွန်းဆစ်မိုးဆိုတဲ့ သားချောလေးရှိတယ်။ ပြီးတော့ ဒေါ်မိုးတိမ်ပြာက သူ့သားတွေရဲ့ ချွေးမတွေကို သူကိုယ်တိုင်ရွေးတယ်။ သူကိုယ်တိုင် ထိန်းချုပ်ချင်တယ်။ ဒါကြောင့် ချစ်ပန်းရိပ်နဲ့ သဘောမတူတာတဲ့။ သူမသိလိုက်တာကတော့၊ ချစ်ပန်းရိပ်နဲ့ သွန်းဆစ်မိုးတို့က တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြတယ်ဆိုတာပဲ။ >>> ဒီဝတ္ထုထဲမှာ ခံပြင်းစရာတွေ၊ အလိမ်ခံရတာတွေ၊ မိသားစုတွေ တစ်စုနဲ့တစ်စု တိုက်ခိုက်တာတွေ၊ အခက်အခဲတွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို ခံစားရမှာပါ။ ဇာတ်သိမ်းလှတဲ့ ဝတ္ထုလေးမို့ ဖတ်ကြည့်ပါဦးနော်