ကျွန်မနဲ့မောင်

ရှင်မြတ်နိုး

700 Kyats ကျပ်
မိုးသံသာက သင်းရနံ့ကြိုင်ဆိုတဲ့ ကောင်မလေးနဲ့ အွန်လိုင်းပေါ်မှာဆုံတယ်။ နောက်ပြီး၊ အရမ်းချစ်သွားကြတယ်။ ယူဖို့အထိ နှစ်ဖက်မိဘတွေနဲ့ တွေ့ပြီးကြပြီ။ အဲဒီမှာ ပြဿနာစတာက မိုးသံသာရဲ့ အမြွှာညီအကိုဖြစ်သူ မိုးသံစဉ်ကလည်း ကြိုင့်ကိုချစ်တယ်တဲ့။ သံစဉ်က ယဉ်ယဉ်လေးနဲ့ စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်တော့ ရနံ့ကြိုင်ကိုမရရင် သတ်သေမှာဆိုပြီး ဖြစ်ကုန်တယ်။ တကယ်လည်း လုပ်မယ့်ပုံ။ အဲဒီမှာ၊ သံသာက သူသိပ်ချစ်ရတဲ့သူကို သူ့အစ်ကိုဆီ ပေးလိုက်ပါတယ်။ ဘာလို့လဲ ... ဘာလို့လဲ ... ဒီမေးခွန်းတွေနဲ့အတူ ဝတ္ထုကို အဆုံးထိ တရစပ် ဖတ်မိသွားပါလိမ့်မယ်။