ကောင်းကင်မှတ်တမ်း

ရှင်ဝိုင်း

600 Kyats ကျပ်
စာမြည်း ။ ။ စကိုင်း ပါးစပ်ကို လက်ဝါးဖြင့်ပိတ်ရင်း ပြောလိုက်သည်။ အပြာ ပိတ်ထားသော လက်ကို ကိုက်လိုက်သည်။ ရုတ်တရက်မို့ အယောင်ယောင်အမှားမှားဖြင့် ကိုက်လိုက်ခြင်းပါ။ "အား ... ခွေးမလေး ကိုက်တယ်ဟ" အပြာမှာ ရင်လျားနှင့် ဖြစ်နေ၍ တဘတ်ကို ဆွဲယူကာ ခြုံလိုက်သည်။ နာစေလိုသောဆန္ဒဖြင့် ကိုက်လိုက်ခြင်း မဟုတ်ပါ။ မျက်နှာလေး ညှိုးငယ်စွာ ကိုကိုစန်းကို ကြောက်၍ ကြည့်နေမိ၏။ "ဟို .. တောင်းပန်ပါတယ်၊ ကိုကိုစန်း အပြာက ယောင်ကိုက်လိုက်လို့ပါ" "နင်က ရေချိုးခန်းမပိတ်ဘဲ ဘာလို့ချိုးနေတာလဲ၊ ဘယ်လိုဟာလဲမသိဘူး၊ ငါက ရေပိတ်ဖို့မေ့နေတာမှတ်နေတာ"