ရူးအောင် ချစ်ရသူ

ရှင်ဝိုင်း

500 Kyats ကျပ်
ဆယ်ကျော်သက်ရွယ်အချစ်က ရူးရူးမိုက်မိုက်ဆန်တတ်ကြပါတယ်။ ဘေဘီဆိုတဲ့ကလေးမလေးဟာ စတိတ်ကျောင်းသူ အရွယ်ကတည်းက သူ့အိမ်ဘေးက ပိုင်ရှင်ဆိုတဲ့ ကောင်လေးကိုချစ်ကြိုက်မိတယ်။ ပိုင်ရှင်က သူ့ထက်အသက်ကြီးတော့ ဦးပိုင်ပေါ့။ နောက်တော့ ဦးပိုင်တစ်ယောက် သူတို့နေတဲ့ မြို့လေးကနေခွဲခွာပြီး အနုပညာလမ်းကြောင်းပေါ်လျှောက်တယ်။ ဒါကိုစိတ်ဆိုးသွားတဲ့ ဘေဘီက ဦးပိုင်ကိုအဆက်အသွယ်ဖြတ်ပြီး ဝိတ်ကျအောင်လုပ်တယ်။ လှအောင်လုပ်တယ်။ စာကြိုးစားတယ်။ သူဆယ်တန်းလည်းပြီးရော ဦးပိုင်က လျှမ်းလျှမ်းတောက်နာမည်ကြီးနေပြီ။ အဲဒီအခါ ဘေဘီက ဦးပိုင်ကိုပြန်ဆက်သွယ်ပြီး ဦးပိုင်တို့အိမ်မှာ သွားနေတဲ့အခါ … ရူးအောင်ချစ်ကြသူတွေရဲ့ ပြင်းပြင်းရှရှိအချစ်ဇာတ်လမ်းက ဘယ်လိုလဲဆိုတာ ခံစားကြည့်ရအောင် !