ရင်ခွင်မြို့တော်

ရှင်ဝိုင်း

600 Kyats ကျပ်
❤ အမြွှာတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရမ်းရင်းနှီးကြတယ်လို့ ပြောကြတယ်။ ဘယ်လောက်ပဲ ဝေးနေနေ တစ်ယောက်ခံစားချက်ကို တစ်ယောက် ခံစားမိကြတယ်တဲ့။ တကယ်ဟုတ်မဟုတ်တော့ မသိဘူး။ 'လွန်းသာ'နဲ့ 'ခွန်းသာ'တို့ အမွှာမောင်နှမကတော့ တစ်ယောက်နဲ့ တစ်ယောက် တကယ်ကို ဂရုစိုက်ကြတယ်။ ခွန်းသာက အကြီးဆိုတော့ သူ့ညီမကိုပိုဂရုစိုက်တယ်။ တစ်နေ့မှာတော့ ခွန်းသာက အိမ်နဲ့ ရန်ဖြစ်ပြီး သူတက်ချင်တဲ့ကျောင်းကို မတက်တော့ဘူးလို့ ကြုံးဝါးပြီး အိမ်ကထွက်သွားလေရဲ့။ ကျောင်းကလည်း ဝင်ခွင့်ရဖို့ခက်တဲ့ကျောင်း။ ယောက်ျားလေးသီးသန့်ကျောင်း။ ဒါကို လွန်းသာသိတော့ သူ့အကိုပြန်လာမယ့်အချိန်အထိ သူ့အကိုကိုယ်စား ဟန်ဆောင်ပြီး ကျောင်းတက်ဖို့ကြိုးစားတဲ့အခါ ... ခပ်ဆန်းဆန်း ဇာတ်လမ်းလေးမို့ တင်ဆက်လိုက်ပါတယ်နော် !