ဖန်ဆင်းရှင်

ရှင်ဝိုင်း

600 Kyats ကျပ်
ကျေးလက်သဘာဝနောက်ခံ နူးနူးညံ့ညံ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖန်ဆင်းရှင် … တဲ့။ တစ်ခါတလေမှာတော့ အချစ်ဟာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို အရာရာ ပြောင်းလဲသွားအောင် ဖန်ဆင်းနိုင်တဲ့ တန်ခိုးစွမ်းပကား ရှိတယ်မဟုတ်လား။ အချစ်ကြောင့် ပျော်ရတယ်၊ အချစ်ကြောင့် ငိုရတယ်၊ အချစ်ကြောင့် အနမ်းပန်းတွေ ပွင့်တယ်၊ အချစ်ကြောင့်ပဲ အလွမ်းပန်းတွေ ပွင့်တယ်။ ကမ္ဘာဦးအစကတည်းက လူသားတွေနဲ့အတူ တစ်ပါတည်း မွေးဖွားလာခဲ့တဲ့ အချစ်ဆိုတဲ့အရာအကြောင်းကတော့ ဘယ်လောက်ပဲ စာဖွဲ့ဖွဲ့ မကုန်နိုင်လောက်ပါဘူး။ အခု ဖတ်ကြရမယ့် ‘ဖန်ဆင်းရှင်’ ဆိုတဲ့ ဝတ္ထုလေးမှာလည်း အချစ်က မင်းဆက်ရှင်နဲ့ တီတာတို့နှစ်ယောက်ရဲ့ နှလုံးသားတွေကို ဘယ်လို ပေါင်းစပ်ပေးမှာလဲ၊ ဘယ်သူက ဘယ်သူ့ရဲ့ ဖန်ဆင်းရှင်အဖြစ် ချစ်ကြမှာလဲဆိုတာကို ရင်ခုန်လှိုက်ဖိုစွာ ဖတ်ကြရမယ့် အချစ်ဝတ္ထုကောင်းလေးတစ်ပုဒ်ပါပဲ။