အမုန်းတို့ ကျီစယ်ခြင်း

ရှင်ဝိုင်း

600 Kyats ကျပ်
တချို့အရာတွေက အပျော်ကြီး ပျော်ရပြီထင်တဲ့အချိန်မှာ ငရဲကျသလို ရုတ်ချည်းပြောင်းလဲသွားတာ ဖြစ်တတ်တယ်။ နံ့သာဝိုင်းက အဲဒီလိုကြုံရတာ။ သူချစ်ရတဲ့အကို။ သူလက်ထပ်ခဲ့တဲ့အကို။ မင်္ဂလာဆောင်ပြီးစမှာပဲ သူ့ကိုမုန်တိုင်းထန်တော့မယ့် ကောင်းကင်တစ်ခုလို အကြည့်တွေနဲ့ ကြည့်ပြီး ကုတင်ပေါ်ကဆွဲချခဲ့တယ်။ ပြီးတော့ဝိုင်းကိုသူယူခဲ့တာ ချစ်လို့မဟုတ်ဘူးတဲ့။ လက်စားချေချင်လို့တဲ့။ နောက်မှသိလိုက်ရတာ ဝိုင်းကြောင့် ကိုမာဝင်ပြီး အိပ်ယာထဲလဲနေတဲ့ မင်းသားမင်းထက်ဈာန်ရဲ့ အကိုဟာသူပဲတဲ့။ ဝိုင်းရဲ့ဖြေရှင်းချက်တွေကို နားမထောင်တော့။ အစ်ကို့အိမ်မှာ ဝိုင်းတစ်ယောက် ငရဲကျသလို နေရတော့မယ့်အခါ …. နံ့သာဝိုင်းဆိုတဲ့ စာရေးဆရာမလေးရဲ့ အတိတ်မှာ ဘယ်လိုအဖြစ်ပျက်တွေရှိခဲ့လို့လဲ။ ပစ္စုပ္ပန်ကိုရော ဘယ်လိုရင်ဆိုင်လိမ့်မလဲ ...