သခင့္ဧကရီ

ရှင်ဝိုင်း

500 Kyats ကျပ်
မိထွေးတို့ ပထွေးတို့ဆိုတာ အများအားဖြင့်တော့ ဆိုးကြသူတွေအဖြစ် လူတိုင်းက နားလည်ထားကြပါတယ်။ မိထွေးဆိုရင် မိထွေးတော်ဂေါတမီကလွဲလို့ ကျန်သူအားလုံးက အလကားပဲ ဆိုတဲ့ စကားတောင် ရှိသေးတယ်မဟုတ်လား။ ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ လျှမ်း ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မိခင် ဆုံးပြီးနောက်မှာ ဖခင်က နောက်မိန်းမ ယူခဲ့လို့ မိထွေးနဲ့ နေခဲ့ရတဲ့ ကောင်လေး။ မိထွေးကို တော်လှန်ပုန်ကန် ကလန်ကဆန်လုပ်ရင်းကနေ သူ့ဘဝတစ်လျှောက်လုံး စွဲသွားခဲ့တဲ့ အသိက လိုချင်တာကို ဘယ်လောက်ခက်ခဲခက်ခဲ မရရအောင် ယူတတ်သလို၊ မလိုချင်တော့တဲ့ အရာကိုဆိုရင်လည်း သူ့အတွက် ဘယ်လောက်တန်ဖိုးကြီးကြီး၊ ဘယ်လောက်တန်ဖိုးထားစရာ ဖြစ်ဖြစ်၊ စွန့်ပစ်ရဲတဲ့ သတ္တိ ရှိလာခဲ့တယ်။ မိထွေးကို ဆန့်ကျင်ရင်းကနေ ဆိုးမှန်းမသိ ဆိုးလာခဲ့ရင်း ကြီးလာတဲ့အခါမှာတော့ လူဆိုးလူမိုက်တစ်ယောက်အဖြစ် ခံယူခဲ့တယ်။ ဘယ်လောက် ကြမ်းတမ်းတဲ့ လူကြမ်းကြီး ဖြစ်ပါစေ၊ အချစ်နဲ့ ထိတွေ့ပတ်သက်မိတဲ့အချိန်မှာတော့ သူတို့ရဲ့ စိတ်သဘောတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတတ်ပါတယ်။ စိမ်းဆိုတဲ့ မိန်းကလေးကို ချစ်မိတဲ့ လျှမ်း။ စိမ်းမှာက စာရေးဆရာ ရဝေထင်ဆိုတဲ့ ချစ်သူတစ်ယောက်က ရှိနေပြန်တဲ့အခါ ဒဿဂီရိလို လူကြမ်းကြီး လျှမ်းတစ်ယောက် ပိုင်ဆိုင်ခြင်းဟာ အချစ်ပဲလို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီအခါမှာတော့ …