ထာဝရ လွမ်းခွင့်

ရှင်ဝိုင်း

600 Kyats ကျပ်
ရှင်သန်မေက … နာမည်လှသလောက် စိတ်ထားလည်းလှတယ်။ မနက်တိုင်းသတင်းစာပို့တယ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်တယ်။ ဘာကိုမှ အချောင်မလိုချင်၊ လူတကာကို ကူညီတတ်တယ်။ ကံကြမ္မာက ကန္တာရနဲ့ စိမ်းလွင်ပြင်ဆိုတဲ့ လူနှစ်ယောက်နဲ့ တွေ့ဆုံစေခဲ့တယ်။ ကန္တာရနဲ့ ဆုံရတာက ဘွားမေကိုဆိုင်မှာ ကူညီပေးနေတုန်း ကန္တာရရဲ့ကင်မရာဆိုင်မှာ ကျန်ခဲ့လို့ လိုက်ပေးတုန်းဆုံရတာ။ စိမ်းလွင်ပြင်နဲ့ကတော့ ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်လုပ်နေတုန်း လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဒဏ်ရာရတာကို ကူညီပေးနေရင်းနဲ့ ဆုံရတာ။ သူတို့သုံးယောက်ရဲ့ တွေ့ဆုံမှုဟာ ထာဝရလွမ်းခွင့်ဆိုတဲ့ ဇာတ်လမ်းကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ ဖတ်ရှု ခံစားကြည့်ရအောင်နော် !