ချစ်ခြင်းရယ်ပြိုင်

ရှင်ဝိုင်း

500 Kyats ကျပ်
ကြွေနဲ့ ရွှေ ဆိုတဲ့ ညီအစ်မနှစ်ယောက်။ ပြောရခက်တယ်။ ရွှေက သမီးကြီး၊ ကြွေက သမီးငယ်။ အမြွှာညီအစ်မဆိုတဲ့အတိုင်း ရုပ်ချင်းက ခွဲမရအောင် တူတယ်။ မိဘတွေ မရှိတော့ကတည်းက ဒီညီအစ်မနှစ်ယောက်ပဲ အတူနေခဲ့ကြတာ။ ဒါပေမဲ့ ညီအစ်မနှစ်ယောက်က ချစ်ချစ်ခင်ခင် ရှိကြတယ်လို့လည်း ပြောလို့မရဘူး။ မချစ်ကြတာလား ဆိုတော့လည်း ပြောရခက်တယ်။ စိတ်ထားသဘောထားချင်း မတူကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်သလို ကြွေက အေးချမ်းပြီး လူချစ်လူခင်များသလောက် ရွှေကတော့ အေးစက်ခက်ထန်ပြီး တစ်ကိုယ်ကောင်းဆန်တယ်။ သူတို့ တစ်ဖက်အိမ်မှာ နိုင်းဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ နိုင်းကို သူတို့ညီအစ်မနှစ်ယောက်စလုံးက ကိုကိုလို့ ခေါ်ကြတယ်။ ပြီးတော့ နှစ်ယောက်စလုံးကလည်း နိုင်းကို ချစ်နေကြတယ်။ နိုင်းချစ်တာက ကြွေ။ နိုင်း နိုင်ငံခြားမထွက်ခင် ကြွေ့ကို ဖွင့်ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီညမှာပဲ ရွှေက အတ္တကြီးစွာနဲ့ ကြွေကို အခန်းထဲ သော့ပိတ်ထားခဲ့ပြီး နိုင်းဆီ သွားတွေ့ခဲ့တယ်။ ဒီတော့ ရွှေနဲ့ ကြွေဆိုတဲ့ ခွဲမရအောင် တူတဲ့ ညီအစ်မနှစ်ယောက်အကြား နိုင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ရွှေနဲ့ ကြွေရဲ့ ချစ်ခြင်းတွေက ဘယ်လိုအင်အားပြင်းထန်စွာ ပြိုင်ကြမလဲ … စာဖတ်သူတို့ ကိုယ်တိုင်ဖတ်ကြည့်စေချင်ပါတယ်။