မောင့်ကိုမုန်းတယ်

ရှင်မီထယ်

600 Kyats ကျပ်
“ကျွန်မ ရှင်းရှင်းပဲပြောမယ် မင်းသက်မှူးတင် ... ရှင့်ကို ကျွန်မ လုံးဝ လက်မထပ်နိုင်ဘူး ... ကျွန်မကို မပိုင်လို့ မိဘတွေကို အပိုင်တွက်ပြီး လာတောင်းမယ်ဆိုရင်၊ ရှင် ... အမောဆိုက်တာပဲ အဖတ်တင်မယ်နော် ... အဲဒီတော့ ... ရှင်ကြံနေတဲ့ အကြံအစည်တွေကို ခေါင်းထဲကနေ ခါထုတ်ပစ်လိုက်ပါ ...” ဆိုတဲ့ … ခင်ခင်မြတ်မင်း။ “အင်း ... နေစမ်းပါဦး ... ကိုယ် မင်းကို မေးကြည့်လိုက်ဦးမယ်နော် ... မင်းက မင်းကိုယ်မင်း အထင်ကြီးပြီး ... လာတောင်းဖို့ အဆင့်အထိတောင် မျှော်လင့်ထားတာကိုး ... ဟတ် ... ဟား ... ဟား ... ရယ်ရတယ် ... ဒီစကားကြီးပြောရအောင် ... ကိုယ်က မင်းကို ဘယ်တုန်းက ချစ်တယ် ပြောဖူးသေးလို့လဲ” ဆိုတဲ့ … မင်းသက်မှူးတင်။ ချစ်တယ်ဆိုတဲ့ စကားလုံးထက် လေးနက်ကြီးမားတဲ့ စကားလုံးတစ်လုံးနဲ့ အဖြေပေးခဲ့တဲ့ ခင်ခင်မင်းမြတ်နဲ့ မင်းသက်မှူးတင်တို့ နှလုံးသားနှစ်စုံကြားက ဝေါဟာရတစ်ခုကတော့ … မုန်းတယ်တဲ့။ မောင့်ကို မုန်းတယ်တဲ့။ ကဲ … အချစ်နဲ့ အမုန်းကြား အားပြိုင်လွန်ဆွဲတဲ့ ဇာတ်လမ်းလေးကို စာချစ်သူတို့ကိုယ်တိုင် ခံစားကြည့်လိုက်ပါဦးနော်။