သက်သေမရှိတဲ့ ငါ့နှလုံးသား

ရှင်မီထယ်

600 Kyats ကျပ်
‘အချစ်ဆိုတာ ဘာလဲ … ငါတော့ ခံစားလို့ မရခဲ့ပါဘူး။ ခံစားမှု နွေးထွေးမှု ချိုမြိန်မှု မရှိခဲ့တော့ ဒါ အချစ်မဖြစ်နိုင်ဘူးပေါ့။ သေချာပါတယ် … ငါ့ရင်ထဲမှာ နင်နဲ့ ပတ်သက်ပြီး စစ်မှန်တဲ့အချစ် မရှိခဲ့တာ ငါ ရိုးသားစွာ ဝန်ခံပါတယ်’ ဆိုတဲ့ မြင့်မြတ်ဘုန်းမို။ ‘ချစ်သူတိုင်း ညားချင်ကြတဲ့ ခံစားမှုတွေရှိခဲ့မယ်ဆိုရင် ညားသူတိုင်းလည်း ချစ်ရမှာ အမှန်ပဲဆိုတာ နင် နားလည်ထားရမယ်။ အဲဒီတော့ နင် ငါ့ကို ချစ်နိုင်အောင် ကြိုးစားကြည့်လိုက်ပါ ဘုန်း… အဲဒါဆိုရင် နင့်ရင်ထဲက တင်းကျပ်တဲ့ ခံစားမှုတွေ ပြေလျော့သွားခဲ့မှာ အမှန်ပဲ’ ဆိုတဲ့ ဖန်ထိပ်။ ‘နင့်ကို ငြီးငွေ့ပြီး ငါ တခြားမိန်းမကို မယူမချင်း နင်ဟာ ငါ့ချစ်သူက ချစ်သူပဲ၊ အခုလို ကိုယ့်ချစ်သူတစ်ယောက်ကို မချစ်ကြောင်း ဗြောင်ပြောရဲတဲ့ သတ္တိရှိတဲ့ မိန်းမတစ်ယောက်ကို တရားဝင် တော်ထားတဲ့ နင့်ချစ်သူ ငါကတော့ အညံ့ပေးပြီး ဘယ်တော့မှ လမ်းခွဲမှာ မဟုတ်ဘူးဆိုတာ နင် နားလည်ထားလိုက်စမ်းပါ၊ အဲဒါ ဘာဖြစ်လို့လဲ သိလား ဘုန်း၊ ငါ နင့်ကို လုံးဝ ဂရုမစိုက်လို့ပဲ’ ဆိုတဲ့ နေဝန်း။ သူငယ်ချင်းသုံးယောက်ထဲမှာ ဘုန်းဆိုတဲ့ ကောင်မလေးကို ဖန်ထိပ်ကရော၊ နေဝန်းကပါ တစ်ချိန်တည်းမှာ ချစ်စကားပြောခဲ့ကြတယ်။ ဘုန်းက နေဝန်းကို ချစ်သူအဖြစ် ရွေးခဲ့ပြီးတဲ့နောက်မှာတော့ တကယ်ချစ်တဲ့သူက ဖန်ထိပ်ဖြစ်နေမှန်း သိလိုက်တဲ့အခါ၊ သူတို့ ဘယ်လို ရှေ့ဆက်ကြမလဲ။ ဒီဇာတ်လမ်းထဲက အဓိက ဇာတ်ကောင်သုံးယောက်ရဲ့ အားပြိုင်မှုတွေက စာဖတ်သူကို အစကနေ အဆုံးထိ တငြိမ့်ငြိမ့် ဆွဲခေါ်သွားမှာပါ။