မင်္ဂလာ ဂွတ်ဒ်ရှယ်

ရှင်မီထယ်

600 Kyats ကျပ်
(၅၂၈) ချစ်ခြင်းမေတ္တာရဲ့ အနှောင်အဖွဲ့လေးကို ဇာတ်အိမ်အစ ပြုရင်း ‘မိနော’ နဲ့ ‘ကိုကို’ ဆိုတဲ့ မောင်နှမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ရန်ဖြစ် ပြန်တည့် စတဲ့ ကြည်နူးစရာတွေနဲ့ သိပ်ချစ်ကြသော မောင်နှမနှစ်ယောက် ဖြစ်ကြပေမဲ့ သူတို့အတွက် စိတ်မကောင်းဖြစ်စရာ ကြေကွဲဖွယ်ရာ ဇာတ်လမ်းကထင်မှတ်မထားတဲ့ တစ်နေ့မှာ စတင်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ... ကိုကို နဲ့ မိနော တို့ရဲ့ ချစ်လှစွာသော မိခင်ဖြစ်သူဟာ နောက်ယောက်ျား ယူဖို့ ကြံစည်နေတာကြောင့်ပါပဲ။ ကိုကိုနဲ့ မိနောတို့ဟာ ဖတဆိုး မောင်နှမ ဖြစ်လို့ တစ်ယာက်ကို တစ်ယောက် အချင်းချင်း ချစ်ခင်ရိုင်းပင်းပြီး မောင်နှမ လိုတစ်မျိုး၊ သူငယ်ချင်းလို တစ်ဖုံ၊ မေမေနဲ့ အတူတူ နေထိုင်လာကြရာကနေ သူတို့ဘဝထဲကို ဖခင်အစား၊ သူစိမ်းအမျိုးသားတစ်ယောက် ဝင်ရောက်လာတော့မယ့် အခြေအနေမှာ စိတ်ပူပန်မှု၊ စိုးရိမ်မှု၊ နာကျင်မှုတွေနဲ့အတူ အဖေနေရာမှာ အခြားသူ အစားမထိုးရေးအတွက် ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်။ မောင်နှမအချင်းချင်း စည်းစည်းလုံးလုံး တိုင်တိုင်ပင်ပင် နေထိုင်ပြီး မေမေ နောက်ယောက်ျား မယူဖို့ ဒီမိသားစုလေး ကြားထဲ သူစိမ်းမဝင်နိုင်စေဖို့ကို သူတို့မောင်နှမ ဘယ်နည်းဘယ်ပုံ ကြိုးစားကြမလဲ၊ ဒီလိုကြိုးစားပေမဲ့လည်း သူတို့မောင်နှမ နှစ်ယောက်ရဲ့ ပျော်စရာကောင်းတဲ့ ဘဝထဲကို ဘယ်လိုသူစိမ်းတွေ ဝင်လာမလဲ၊ ဒီနောက်မှာ သူတို့မောင်နှမနဲ့ မိခင်အကြား၊ သူစိမ်းတွေအကြား ဘယ်လို ပြဿနာတွေ ဆီးကြိုနေမလဲ၊ စတဲ့ စတဲ့ မိသားစုအချစ်၊ ခံစားမှုစစ်စစ်နဲ့ သံယောဇဉ် အနှောင်အဖွဲ့ ရသစုံကို အားပါးတရ ဖတ်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့၊ ဒီလို ဇာတ်လမ်းကောင်းကောင်းမျိုးကိုမှ ဖတ်ရှုလိုတဲ့ စာဖတ်ချစ်သူတွေအတွက် မိသားစု ချစ်ခြင်းဖွဲ့ ရသဝတ္ထုရှည်တစ်ပုဒ်ကို လက်တို့လိုက်ရပါတယ်ခင်ဗျာ။