ချစ်ခဲ့ရတာသိပြီလား

ရှင်မီထယ်

600 Kyats ကျပ်
သူဌေး ဘုန်းသင့်မင်းဆိုတာ တည်တည်ခန့်ခန့်၊ သိက္ခာကြီးကြီးနဲ့ ဘယ်မိန်းမကိုမှ စိတ်မဝင်စားဘဲ ဘဝကို အလုပ်နဲ့ ဖြတ်သန်းလာခဲ့တဲ့ လူတစ်ယောက်။ လူပျိုကြီးလို့ ကင်ပွန်းတပ် ခံရပေမဲ့ သူက ကြိုက်မယ့်သူ မရှိလို့ လူပျိုကြီး ဖြစ်နေတာ မဟုတ်ဘူး။ သူက ဘယ်မိန်းမကိုမှ မကြိုက်လို့ လူပျိုကြီး လုပ်နေတာ။ တစ်နေ့ … အဘွားဖြစ်သူက ကောင်မလေးတစ်ယောက်ကို မွေးစားဖို့ တိုင်ပင်တယ်။ ဘုန်းသင့်မင်း စိတ်ရှုပ်သွားတယ်။ ဘယ်က ဘယ်လိုဟာမှန်းမသိ၊ အိမ်ရှုပ်တယ်၊ မိန်းမရှိရင် စိတ်ရှုပ်တယ် လို့ သူ တွေးမိပေမဲ့ အဘွားက အတင်းတောင်းဆိုနေတော့ စိတ်ညစ်ညစ်နဲ့ပဲ ခေါင်းညိတ်လိုက်ရတယ်။ ရောက်လာရင်တော့ အခိုင်းအစေလိုပဲ သဘောထားမယ်လို့ တွေးထားလိုက်တယ်။ ဒါပေမဲ့ … တင့်ဖုန်းလင်းဆိုတဲ့ ကောင်မလေး သူတို့အိမ်ကို ရောက်လာတဲ့အခါမှာတော့ နုဖတ်ချောမောလွန်းတဲ့ ဒီမိန်းကလေးကို မြင်လိုက်တာနဲ့ ဘုန်းသင့်မင်းရဲ့ ရင်ထဲ ခံစားမှုတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။ ဒီနောက်မှာတော့ …