အံ့ဖွယ်လောကီပညာ

ရဲဘော်ဖေသန်း

600 Kyats ကျပ်
လူ့ယဉ်ကျေးမှုသမိုင်းဟာ အသိပညာမထွန်းကားသေးတဲ့ ကာလကနေ တစ်ဆင့်ခြင်း တစ်ထစ်ခြင်း ဆင့်ကဲတိုးတက်ရင်း အဲဒီကာလများတစ်လျှောက် သဘာဝရဲ့ ထူးခြားဆန်းကြယ်မှုတွေဟာ ကြောက်ရွှံမှုကနေတစ်ဆင့် လူသားတွေရဲ့ အစွဲအလမ်းယုံ ကြည်မှုများ ပေါ်ထွန်းခဲ့ကြပါတယ်။ ဒါကို အယူသည်းမှုလို့ ခုခေတ်မှာ သတ်မှတ်ကြတာပေါ့။ အဲဒီ အယူသည်းမှုများဟာ အံ့ဖွယ်လောကီပညာရပ်တွေကို ပေါ်ထွန်းလာစေခဲ့ပါတယ်။ ဒါဟာ လူပေါ်ဦးစ အစော ပိုင်းတည်းက ဖြစ်တည်နေမှုလို့ ဆိုကြပါတယ်။ လူသားမျိုးနွယ်စုအသီးသီးရဲ့ မိမိတို့နဲ့ ဆက်နွယ်တဲ့ သဘာဝအင်အားများ အပေါ် ကြောက်ရွှံ့အယူသည်းခြင်းကနေ ပေါ်ပေါက်လာတဲ့ အဲဒီလောကီပညာရပ်တွေကို ယခုစာအုပ်မှာ ဖော်ပြထားတာပါ။ အသိတရားနဲ့ လူ့ဖြစ်တည်မှု အနှစ်သာရကို အပြည့်အဝ မသိရှိသေးမီစပ်ကြား လူ့သမိုင်းကြောင်းမှာ ဘယ်လိုအယူသည်း မှုတွေ၊ အဲ့ဒီကနေ အံ့ဖွယ်ဆန်းပြားတဲ့ ဘယ်လိုလောကီပညာတွေ ထွန်းကားခဲ့တယ်ဆိုတာကို အံ့သြမင်သက်စွာ လေ့လာ နိုင်ကြမယ့် ရှားပါးစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။