ကျွန်တော်ချစ်သော ထိုကောင်လေး

ရဲရင့်မာန်

800 Kyats ကျပ်
သူ့နာမည်က စစ်သွေးလျှံ။ ရုပ်ချောတယ်။ မိန်းမဆန်ဆန် နုဖတ်နေအောင် ချောတဲ့ ယောက်ျားလေးတစ်ယောက်။ မိဘကလည်း ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေ။ တစ်ဦးတည်းသောသားလည်း ဖြစ်တော့ စစ်သွေးလျှံကို မျက်နှာတစ်ချက် မညှိုးစေရအောင် ဖူးဖူးမှုတ် အလိုလိုက်ထားတာပေါ့။ ကားဆိုရင်လည်း အမျိုးအစားမတူ၊ အရောင်မတူ၊ အကန့်အသတ်နဲ့ ထုတ်ထားတဲ့ ကားမျိုးကိုမှ ထည်လဲစီးသူ။ ရုပ်ချော၊ ပိုက်ဆံရှိ၊ မိဘအသိုင်းအဝိုင်းကလည်း အရှိန်အဝါကြီး၊ ပညာကလည်း တော်၊ ဒီလို အရာရာ ပြည့်စုံနေတဲ့ စစ်သွေးလျှံက တက္ကသိုလ်မှာလည်း မေဂျာကင်း။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ ဆယ်ကျော်သက်မလေးတွေရဲ့ အိပ်မက်မင်းသား။ စစ်သွေးလျှံရဲ့ ကားလေး ကျောင်းဝင်းထဲ ဝင်လာတာနဲ့ အားလုံးရဲ့ အာရုံစိုက်မှုက စစ်သွေးလျှံဆီမှာ။ ကားပေါ်က ဆင်းလာတာနဲ့ မျက်လုံးတွေက စစ်သွေးလျှံဆီမှာ။ စစ်သွေးလျှံရဲ့ ချစ်သူဖြစ်ခွင့်ရချင်တဲ့ မိန်းကလေးတွေ များစွာ။ စစ်သွေးလျှံနဲ့ ဘော်ဒါဖြစ်ချင်ကြတဲ့ ယောက်ျားလေးတွေ များစွာ။ ဒါပေမဲ့ စစ်သွေးလျှံက ယောက်ျားလေး အပေါင်းအသင်းလည်း နည်းတယ်။ ဘယ်မိန်းကလေးကိုမှလည်း စိတ်မဝင်စားဘူး။ ဘာကြောင့်လဲ ဆိုတော့ စစ်သွေးလျှံမှာ လူသိမခံရဲတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့တာကိုး။ အဲဒီလျှို့ဝှက်ချက်ကတော့ စစ်သွေးလျှံဟာ ဆန့်ကျင်ဘက် မိန်းကလေးကို နည်းနည်းမှ စိတ်ဝင်စားလို့မရဘဲ လိင်တူချင်းကိုသာ တိမ်းညွှတ်နေတဲ့ လိင်တူချစ်မြတ်နိုးသူ ကောင်လေးတစ်ဦး ဖြစ်နေတာကြောင့်ပဲ။ ယောက်ျားချင်းကိုမှ ရင်ခုန်တတ်တဲ့ စစ်သွေးလျှံတစ်ယောက် ဘယ်လိုကောင်လေးမျိုးနဲ့ ဆုံရမလဲ ဆိုတာတော့ …