ဘဝကတုိတုိ ရယ္မယ္ဆုိ တခိခိ

ရဲစတိုင်း

700 Kyats ကျပ်
ဆရာရဲစတိုင်းရဲ့ ပေါ့ပေါ့ပါးပါး ဟာသမြောက် အတွေးအမြင်လေးတွေပါ။ ရယ်သူသောသူသည် အသက်ရှည်၏ ဆိုတဲ့ စကားပုံရှိပါတယ်။ လောကကြီးမှာ အာယုဒီဃလို့ခေါ်တဲ့ အသက်ရှည်ခြင်း အကြောင်းတရားဟာ ရလွယ်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီတော့ ထိုသို့ အသက်ရှည်ခြင်း အကြောင်းတရားကို ဖြစ်ပေါ်စေတဲ့ ရယ်မောခြင်းဆိုတာကလည်း ပြောတော့ သာ လွယ်တာပါ။ တကယ်ဆိုရင် ဘယ်သူမှ အလကားနေရင်း ထိုင်ရယ်နေကြရတာ မဟုတ်ပါဘူး။ ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းလေးပါး ညီညွတ်မှသာ ရယ်မောခြင်းကို ဖြစ်ပေါ်စေတာပါ။ (နည်းနည်း ကြီးကျယ်ရာများ ရောက်သွားသလား မသိဘူး .. ခိ ခိ) စာရှုသူတို့အတွက်တော့ အသက်ရှည်ခြင်းအတွက် ရယ်မောခြင်းကို ဖြစ်ပေါ်စေဖို့ ကံအကြောင်းတရားအရ ဝါးလုံးကွဲ အောင်ရယ်ရမယ့် ဟာသစာအုပ်တွေကို ဝန်ဇင်းက ပို့ဆောင်ပေးလိုက်ပါပြီ။ ရယ်မောခြင်းစိတ်ကို ဖြစ်ပေါ်စေဖို့အတွက်တော့ ဆရာရဲစတိုင်းရဲ့ ဒီစာအုပ်က တာဝန်ယူပါလိမ့်မယ်။ ဥတုနဲ့ အဟာရကတော့ နေရာကောင်းလေး တစ်နေရာကိုရှာ .. ဘေးမှာ ရယ်ရလို့ အာခြောက်ရင် သောက်ဖို့ ရေဘူးလေးဆောင်ပြီး … အခုပဲ အသက်ရှည်ခြင်းကို အရယူလိုက်ကြရအောင်ပါ။