ဆယ်ကျော်သက်ကို နားလည်ခြင်း

ရူပါသိမ်း

600 Kyats ကျပ်
ရင်သွေးတစ်ယောက် လူလားမြောက်ဖို့ မိဘတွေအဖို့ ပြုစု ထိန်းသိမ်း စောင့်ရှောက်လာခဲ့ရတာ အမောတကောပါပဲလားလို့ တွေးမိကြလိမ့်မယ် ထင်ပါတယ်။ ကလေး အရွယ်ငယ်ငယ်မှာ အမောတကောနဲ့ ကြည့်ရှုထိန်းကျောင်းခဲ့ရ၊ အချိန်တန်လို့ ဖွံ့ဖြိုးရမှာကိုလည်း အမောတကော စိုးရိမ်ပူပန်ရ၊ အချိန်တန်လို့ ထက်မြက်ရမယ့် ဥာဏ်ရည် မထက်မြက်မှာကိုလည်း အမောတကော ကြောင့်ကြပူပင်ရနဲ့ မိဘတို့ရဲ့ တာဝန် ၀တ္တရားဟာ ရင်နဲ့မမျှအောင်ပါလားလို့လည်း တွေးမိကြပါလိမ့်မယ်။ ဆယ်ကျော်သက် လူပျိုအပျို မဖြစ်တဖြစ် စကောစကအရွယ်လေးတွေအတွက်၊ ဒီအရွယ်လေးတွေကို ထိန်းသိမ်းရတဲ့ လူကြီးမိဘ အုပ်ထိန်းသူတွေအတွက်၊ ဆယ်ကျော်သက်ကို နားလည်ခြင်း ဆိုတဲ့ ဒီစာအုပ်လေးက အကူအညီများစွာ ပေးပါလိမ့်မယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်သဘော၊ ပြောင်းလဲမှု၊ ခံစားချက်၊ အတွေးအခေါ်၊ အကျင့်သဘာဝတွေနဲ့အတူ ဒီအရွယ်လေးတွေကို နားလည်ဖို့ ဒီစာအုပ်ထဲက ဆောင်းပါးတွေက လမ်းဖွင့်ပေးပါလိမ့်မယ်။ လေ့လာဖတ်ရှုကြည့်ကြပါစို့။