ကျန်းမာ သက်ရှည်ခြင်း ဆိုင်ရာ နည်းပညာ

ရူပါသိမ်း

600 Kyats ကျပ်
လူမှန်ရင် လူမျိုးဘာသာမရွေး၊ ကျား/မ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျန်းကျန်းမာမာနဲ့ အသက်ရှည်တဲ့ ဘဝကို ကိုယ်စီလိုချင်မက်မောကြတာ အမှန်ပါပဲ။ စောစောစီးစီး အသက်တိုတိုနဲ့ သေချင်တဲ့သူ ဘယ်သူမှ မရှိသလို အသက်ရှင်နေပေမဲ့ ဟိုနေရာက ဖောက်ပြန်၊ ဒီနေရာက နာကျင်နဲ့ ကျန်းမာရေး ချူချာတဲ့ ခန္ဓာကိုယ်မျိုးကိုလည်း ဘယ်သူမှ မလိုချင်ကြပါဘူး။ ဒီစာအုပ်က သင့်ကို ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်ရမယ့် ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကူညီပါလိမ့်မယ်။ ဒီတော့ ကျန်းမာဖို့အတွက် ဘယ်လိုအရာတွေက အရေးပါသလဲ၊ အသက်ရှည်ဖို့ အတွက် ဘယ်လိုအခြေအနေတွေ လိုအပ်သလဲ၊ ဒါတွေကို တစ်ခန်းချင်းစီအလိုက် ရေးသားပြုစုထားတဲ့ ကျန်းမာရေးဆိုင်ရာ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ကျန်းမာသက်ရှည်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဒီစာအုပ်မှာ ပါဝင်တဲ့ နည်းပညာတွေကို လေ့လာထားသင့်ပါတယ်။ ဒီနည်းပညာတွေကလည်း လူတိုင်း လိုက်နာ လုပ်ဆောင်နိုင်တဲ့ အကြောင်းအရာတွေပါပဲ။