ဝင်္ကပါကို ကျောခင်း၍

ရာဇမင်း

200 Kyats ကျပ်
မသိန်း ညက အမဲသားဟင်း အခိုးစား ခံလိုက်ရသည်ကို အခုမှ သတိရကာ ပို၍ ကြောက်လန့်လာလေသည်။ “ဒီအရုပ်ကိုတော့ ဆရာတို့ပဲ ယူသွားပြီး အဆင်ပြေတဲ့နေရာမှာ ဒီကောင့်ကို ထားခဲ့လိုက်မယ်။ အခုကလေး နှစ်ယောက် လက်ဖွဲ့လုပ်ပေးခဲ့လိုက်မယ်။ ဆရာတို့လည်း ခရီဆက်ရမှာမို့ ဒီလောက်ပဲ လုပ်ပေးနိုင်တယ်” စကားကို တိုတိုတုတ်တုတ်ပြောကာ လုပ်စရာရှိသော အရာများကို ဦးသုခ တို့ (၃) ယောက် ဆက်၍ လုပ်လေသည်။ “အခုလို ကယ်တင်ပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ ဆရာတို့ရယ်“ မာဇ နှင့် နန်းနန်းတို့၏ လည်ပင်း၌ အစောင်တစ်ခုစီဆွဲပေးကာ အိမ်အောက်၊ တန်းအောက် နှင့် မသန့်ရှင်းသော နေရာ ရှောင်သင့်သော အရာများကို ပြော၏။ ထိုရွာ၏ အမည်မှာ ပိန်းတော ဖြစ်သည်ကို အခုမှ သူတို့ သိရသည် ။ ခရီးသွားရင်း ကူညီရသည်မှာ သူတို့အတွက် လုပ်နေကျ ကိစ္စတစ်ခုလိုပင် ဖြစ်နေပြီ ဖြစ်သည် ။ သိချင်တာလေး မေးမြန်းပြီးနောက် အချိန်မနှောင်းခင် ဦးသုခတို့လည်း ထိုရွာမှ နှုတ်ဆက်ကာ ထွက်ခဲ့တော့သည်။ ပိန်းတောရွာကို ကျော်လွန်လာပြီး နာရီနှစ်ပတ်ခန့်တွင် နေညိုလာပြီ ဖြစ်၍ ဦးသုခ၊ ဦးမင်းအောင် နှင့် ဦးရိုးရင့် တို့မှာ ခြေလှမ်းများ အနည်းငယ် နှေးလိုက်ပြီး စကား စလာတော့သည်။